သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးဆိုသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ရဲတဦးသေဆုံးခဲ့သလို သာမန်ပြည်သူတဦးပါ ထိခိုက် သေဆုံးခဲ့တာကြောင့် မစ်ရှင်ကိုဖော်ဆောင်ခဲ့တဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက မိသားစုဝင်တွေကို တောင်းပန်ထားတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် အုတ်ဖိုမြု့နယ် ရဲတပ်ဖွဲ့က နယ်ထိန်းရဲတပ်သား မင်းသွေးအပါအဝင် သာမန်အရပ်သားတဦးပါ သေဆုံးခဲ့တာဖြစ်ပါတယ်။
ပျူစောထီးလို့ ကနဦးသိထားရတဲ့ သေဆုံးသူတဦးမှာ သာမန်ပြည်သူတဦးဖြစ်တဲ့အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး ကျန်ရစ်သူမိသားစုဝင်တွေကို အနူးအညွတ်တောင်းပန်ပါတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဆိုင်အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ပျူစောထီး ယူဆရသူ ၂ ဦးရှိနေအချိန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျူစောထီးတွေ၊ ရဲတွေ၊ စစ်သားတွေနဲ့ လွတ်ကင်းအောင်နေဖို့နဲ့ စစ်ရေးအရှိန်မြင့်လာတာကြောင့် နေအိမ်တွေမှာလည်း လက်ခံတာတွေ မလုပ်ဖို့အပြင် မလိုအပ်ဘဲ သွားလာတာတွေ မလုပ်ကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံတယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာမှာ စစ်ကောင်စီက လုံခြုံရေးယူကာ အုပ်ချုပ်ရေးမှူး ကိုကျော်ကိုကို ဦးဆောင်တဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်စီးနင်းရာက ကိုကျော်ကိုကိုနဲ့ စစ်သားတဦးအပါ ပျူစောထီး ၃ ဦးသေပြီး လက်လုပ်သေနတ် ၂ လက် လက်ပစ်ဗုံး ၂ လုံးနဲ့ စစ်ယူနီဖောင်း ၈ စုံအပြင် ငွေသားအချို့ သိမ်းဆည်းခဲ့ပါသေးတယ်။
ပုံစာ - မှားယွင်းပစ်ခတ်မိသဖြင့် သေဆုံးခဲ့သည့် အရပ်သား ။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #အုတ်ဖိုမြို့ #မြေအောက်ပြောက်ကျားတပ်ဖွဲ့ #မှားယွင်းပစ်ခတ် #တောင်းပန်
Share Share Share