လယ်ကွင်းမီးကနေ ကူးစက်ပြီး နေအိမ် ၁၀ လုံးမီးလောင်၊ PDF တွေကငြှိမ်းသတ်ပေးခဲ့

လယ်ကွင်းမီးကနေ ကူးစက်ပြီး နေအိမ် ၁၀ လုံးမီးလောင်၊ PDF တွေကငြှိမ်းသတ်ပေးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတရွာမှာ လယ်ကွင်းပြင်မှာလောင်နေတဲ့မီးကနေ ကျေးရွာအတွင်းကနေအိမ်တွေကို မီးကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ တောကျီးကန်း ၇ စစ်ကြောင်းအဖွဲ့ဆီက သိရပါတယ်။ 

မတ် ၈ ရက် နေ့လယ် ၁ နာရီလောက်မှာ ညောင်လေးပင်မြို့နယ်၊ ယောက်သွားကုန်းရွာက နေအိမ် ၁၀ လုံးကို ကူးစက်လောင်ကျွမ်းခဲ့ရာ တောကျီးကန်း ၇ စစ်ကြောင်းမှ ရဲဘော်တွေက ဒေသခံတွေနဲ့အတူ မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။  

ဒါ့အပြင် အဲ့ဒီမီးဟာ ချင်းချောင်းကုန်းရွာနဲ့ ခရုကုန်းရွာအနီးက လယ်ကွင်းအစပ်တွေကိုလည်း ကူးစက်လောင်ကျွမ်းခဲ့ပြီး ညနေ ၄ နာရီခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၂ ရက်ကလည်း တောကျီးကန်းစစ်ကြောင်းဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ပျက်စီးနေတဲ့ ဒေါက်ရပ် - ခဲမောက်ရွာချင်းဆက်လမ်းကိုလည်း ပြုပြင်ပေးခဲ့ပါသေးတယ်။

ပုံစာ - ညောင်လးပင်မြို့နယ်က မီးလောင်မှုမြင်ကွင်း။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #မီးလောင် #PDF #မီးငြှိမ်းသတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10