နတ်တလင်းမှာ စစ်ကောင်စီတပ်သားတဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး

နတ်တလင်းမှာ စစ်ကောင်စီတပ်သားတဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က စစ်ကောင်စီယာယီစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့  စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့တယ်လို့  တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂၊ Phoenix DF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေက သရက်စမ်းကုန်းရွာမှာ အင်အား ၄၀ ဦးခန့်နဲ့ စခန်းချနေတဲ့ စစ်ကောင်စီစခန်းကို မတ် ၃၁ ရက် မနေ့ မနက် ၉ နာရီခွဲလောက်က မီတာ ၃၀၀ (ပေ ၁၀၀၀)လောက်ကနေ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့  ဆိုပါတယ်။

“အပစ်ခံရတဲ့ **က အော်ပြီး လဲကျသွားတယ်။ ကျန်တဲ့ စစ်သားတွေက အလောင်းကို ငှက်ပျောတောထဲ ဆွဲသွားတာ မြင်နေရတယ် “ လို့  Phoenix DF ရဲ့ ပြန်ကြားရေး ရဲဘော်ဂျူပီတာက ပြောပါတယ်။

စနိုက်ပါနဲ့ ပစ်ခတ်မှုမတိုင်မီ အဲဒီနေ့ မနက် ၉ နာရီဝန်းကျင်လောက်မှာလည်း သရက်စမ်းကုန်းရွာရှိ စစ်ကောင်စီ စခန်းကို ၄၀ မမတွေနဲ့ Phoenix DF နဲ့  တပ်ခွဲ ၄ Bamar Revolution Army (BRA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၁ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ သရက်စမ်းကုန်းဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

မတ် ၃၀ ရက် မနက် ၁၀ နာရီခွဲ‌လောက်ကတော့  နတ်တလင်းမြို့နယ် တောင်ညိုရဲစခန်းကထွက်လာတဲ့ အင်အား ၄၀ ဦးခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ဖို့ ကွင်းစမ်းရွာထိပ် ကျွန်းခင်းက စောင့်နေတဲ့  Phoenix DF နဲ့  တပ်ခွဲ ၄ Bamar Revolution Army (BRA) ပူးပေါင်းအဖွဲ့ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့တဲ့ အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့  အဲဒီည  ၉ နာရီခွဲလောက်မှာ သရက်စမ်းကုန်းရွာစခန်းကို ပူးပေါင်းအဖွဲ့က ၄၀ မမ၊ ၆၀ မမတွေနဲ့  ပြန်လည် ပစ်ခတ်ခဲ့ပါသေးတယ်။

ပုံစာ - Phoenix DF ရဲဘော်များ။ (ပုံဟောင်း)

စာတည်း- လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်းမြို့နယ် #စစ်ကောင်စီ #ဒေသကာကွယ်ရေးတပ် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10