သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ရွာက ပျောက်ဆုံးနေသူတဦးရဲ့ အလောင်းကို ဧပြီ ၂၅ ရက် ဒီနေ့လယ် ၁ နာရီလောက်မှာ သေဆုံးလျှက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
သေဆုံးသူဟာ သဲကုန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ ဝက်ပုတ်ကျေးရွာက အသက် ၃၅ နှစ်အရွယ် ကိုကျော်မင်းသူဖြစ်ပြီး အလောင်းကို နေ့လယ် ၁ နာရီလောက်က ဝက်ပုတ်ရွာအစပ် ဆည်မြောင်းအနီးမှာတွေ့ခဲ့ရတာလို့ ဆိုပါတယ်။
“သူက LGBT ပါ။ ကိုယ်မှာ ဝတ်ထားတဲ့စိန်နားတောင်း ၅ ခု၊ လက်စွပ်၊ ဟန်းချိန်း၊ ဖုန်းတွေပါ သတ်တဲ့သူက အကုန်ယူသွားတာ။ သိန်း ၂၀၀ ဖိုးလောက်ရှိနိုင်တယ်။ သူစီးတဲ့ CLICK ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်။ အူတွေလည်း ပွင့်နေတယ်” လို့ ဝက်ပုတ်ရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကိုကျော်မင်းသူဟာ ဧပြီ ၂၄ ရက် မနေ့ည ၇ နာရီလောက်မှာ နေအိမ်ကနေထွက်သွားပြီးကတည်းက ပျောက်နေခဲ့တာလို့ ဆိုပါတယ်။
အလောင်းကိုတော့ ရဲတွေနဲ့အတူဒေသခံတွေက အခင်းဖြစ်တဲ့နေရာကနေ အင်းမဆေးရုံ ရင်ခွဲရုံကို သယ်သွားတယ်လို့ သိရပါတယ်။
ပုံစာ - သေဆုံးသူ ကိုကျော်မင်းသူ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #သဲကုန်း #ဝက်ပုတ် #ပစ္စည်းလု #အသတ်ခံရ
Share Share Share