သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်အုပ်စု၊ ကြူတောကန်ရွာမှာ လျှပ်စစ်မီးပြုပြင်ရာက အမျိုးသားတဦး ဓါတ်လိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူမှာ ကြူတောကန်ရွာနေ အသက် ၄၀ နှစ်ကျော်အရွယ် ကိုမိုးကြီး ဖြစ်ပြီး မေ ၁၉ ရက် မနေ့မနက် ၁၀ နာရီဝန်းကျင်က သူ့ရဲ့နေအိမ်ဘေးမှာ မီးကြိုးကိုပါးစပ်နဲ့ကိုက်လျက် ဓါတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ ပါးစပ်မှာ မီးကြိုးက ကိုက်လျက်သားနဲ့ သေနေတာ။ ပုံစံကြည့်ရတာ မီးကြိုးကာဗာကို ပါးစပ်နဲ့ကိုက်ခွာတဲ့ပုံပဲ။ မီးကလည်း မကြာခဏပြတ်လိုက်၊ လာလိုက်ဖြစ်နေတာ။ သတိလက်လွတ်ဖြစ်သွားပုံရတယ် " လို့ ပေါင်းတည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ပေါင်းတည်မြို့နယ်မှာ လျှပ်စစ်မီးက ၄ နာရီတကြိမ်လာတာဖြစ်ပေမယ့် မီးပေးထားတဲ့အချိန်အတွင်းမှာပဲ မကြာခဏ မီးပြတ်တောက်မှုဖြစ်ပေါ်သလို ယမန်နေ့ကလည်း လျှပ်စစ်မီးက မကြာခဏပြတ်တောက်တယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
ပေါင်းတည်မြို့နယ်မှာ လျှပ်စစ်မီး နေ့ပိုင်း ၄ နာရီနဲ့ ညပိုင်း ၄ နာရီရရှိကာ အလှည့်ကျအသုံးပြုနေရပြီး မီးလာချိန်တွေအတွင်းမှာလည်း မကြာခဏ မီးပြတ်လိုက်၊ လာလိုက်ဖြစ်နေတာပါ။
သေဆုံးသူရဲ့ရုပ်အလောင်းကို ယမန့်နေ့မှာပဲ ပေါင်းတည်ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ဆေးစစ်ချက်ယူပြီး မေ ၂၀ ရက် ဒီကနေ့မှာ သင်္ဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ - အင်တာနက်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပေါင်းတည် #ဓာတ်လိုက်သေဆုံး #လျှပ်စစ်မီး #ပြတ်တောက်မှု #သတင်း
Share Share Share