မိုးသက်လေပြင်းကြောင့် ပျက်စီးသွားတဲ့ အိမ်တွေကို PDF က ကူပြင်ပေး (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတရွာမှာ မိုးသက်လေပြင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်နဲ့တဲတွေကို ကူညီပြုပြင်ပေးခဲ့တယ်လို့  လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ရဲဘော် ရဲကြီးက ပြောပါတယ်။

အဲဒီကျေးရွာက ပျက်စီးသွားတဲ့ နေအိမ်နဲ့တဲ ၁၀ လုံးခန့်ကို မေ ၁၉ ရက်က လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေနဲ့  ကျေးရွာသားတွေ ပေါင်းကာ ပြုပြင်ပေးခဲ့တာလို့ ဆိုပါတယ်။ 

မိုးသက်လေပြင်းဟာ မေ ၁၈ ရက် ညနေက ၁၅ မိနစ်ကြာ တိုက်ခတ်ခဲ့တာဖြစ်ပြီး လူနဲ့တိရိစ္ဆာန်တွေ ထိခိုက်မှု  မရှိဘူးလို့ ပြောပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်နဲ့ တဲတွေကို ကူညီ‌ထောက်ပံ့လိုပါက လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့  Page ကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။ 

မေ ၂၃ ရက် ဒီနေ့မှာတော့  ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ပေါက်မြို့နယ်ထဲမှာ ရာသီဥတု အုံ့ဆိုင်းနေပြီး မိုးရွာမယ့် အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ပေါက် #မိုးသက်လေပြင်း #နေအိမ် #ပျက်စီး #PDF #ကူညီပြုပြင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10