အဓမ္မလူသစ်စုဆောင်းတယ်ဆိုတဲ့ အုတ်ဖိုက စစ်မှုထမ်းဟောင်းတဦး သေနတ်နဲ့ ပစ်သတ်ခံရ

အဓမ္မလူသစ်စုဆောင်းတယ်ဆိုတဲ့ အုတ်ဖိုက စစ်မှုထမ်းဟောင်းတဦး သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊အုတ်ဖိုမြို့နယ်မှာ  စစ်မှုထမ်းဟောင်းအငြိမ်းစားတပ်ကြပ်ကြီးတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူမှာ အုတ်ဖိုမြို့နယ်၊ ချောင်းခေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာမှာနေထိုင်တဲ့ အငြိမ်းစားတပ်ကြပ်ကြီး စောကေထူး(ခ) စောခူးထူး ဖြစ်ပြီး ဇွန် ၂ ရက် မနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ သူရဲ့နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်နဲ့  ၄ ချက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ သူက ဆယ်ရွာသား၊ ဘယ်တပ်ကနေ အငြိမ်းစားယူလာတယ်ဆိုတာတော့ မသိရဘူး။ သူ့အိမ်ကို အင်းမ ၆၆ တပ်ကကောင်(စစ်သား)တွေ အမြဲတမ်းဝင်ထွက်နေတာ “ လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုတာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။

စစ်မှုထမ်းဟောင်း စောကေထူးဆီကနေ လက်ကိုင်ဖုန်းတလုံးနဲ့  စစ်တပ်သုံးပြောက်ကျားဦးထုပ်တလုံးကို သိမ်းဆည်းနိုင်ခဲ့ပြီး ပစ်ခတ်မှုဖြစ်အပြီးညနေပိုင်းမှာ စစ်ကာင်စီတပ်သားတွေက ရုပ်အလောင်းကို လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စောကေထူးဟာ ဒေသတွင်းမှာ စစ်မှုထမ်းဆောင်ဖို့ လူငယ်တွေကိုအတင်းအကြပ် ခြိမ်းခြောက်လူစုတာ၊ ငွေကောက်ခံတာ၊ တော်လှန်ရေးရဲဘော်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံထောက်လှမ်းသတင်းပို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေ ၃၀ ရက် ညပိုင်းကလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုဟာ မင်းလှမြို့  စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဆိုင်ရာရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - တပ်ကြပ်ကြီးဟောင်း စောကေထူးအလောင်းနှင့် သိမ်းဆည်းခဲ့သည့် ဖုန်း၊ ပြောက်ကျားဦးထုပ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူးအနောက် #အုတ်ဖို #အငြိမ်းစားတပ်ကြပ်ကြီး #ပစ်သတ်ခံရ #စစ်မှုထမ်းဟောင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10