သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFက မေလ ၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာက အသက် ၅၀ အရွယ် ကိုမြင့်အောင်ကို ဇွန်လ ၂ ရက် ည ၇ နာရီလောက်က သူရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခဲ့တာကြောင့် နေရာတင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"သူက အာဏာသိမ်းပြီးကတည်းက စကစ သတင်းပေးလုပ်နေလို့ သေနတ်နဲ့ ၃ ချက် ပစ်သတ်ခဲ့တာပါ။ မနေ့ကတော့ မိသားစုတွေကပဲ သင်္ဂြိုလ်တယ်လို့သတင်းရပါတယ် " လို့ ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ (ဆောင်းခိုငှက်)နဲ့ ပေါက်ခေါင်း ပကဖ တို့ပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ကိုမြင့်အောင်မှာ ကျေးရွာနေပြည်သူတွေအပေါ် စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ပြည်သူတွေကို စိတ်ဒုက္ခမျိုးစုံပေးတဲ့အပြင် တော်လှန်ရေးရဲဘော်တွေရဲ့သတင်းကိုလည်း စစ်ကောင်စီတပ်သားတွေဆီကို ပေးပို့တာ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် မိသားစုတွေကို ရွာထဲမနေနိုင်အောင်လုပ်တာ၊ တော်လှန်ရေး တပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းကွင်းတွေကို ပြတာအပြင် လမ်းပြအဖြစ် လုပ်ပေးနေသူလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကိုသတင်းပေးတာလမ်းပြလုပ်တာတွေ မလုပ်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါသေးတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီခွဲလောက်ကလည်း ပေါင်းတည်မြို့နယ်၊ ကြို့ကုန်း(တောင်ပေါ်) အုပ်စု၊ မကျီးစမ်းရွာကနေ သိမ်ကုန်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ဦးပါ စစ်ကောင်စီတပ်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၂ ရဲဘော်တွေက ပျဥ်ကြီးရွာနဲ့ကျောက်ကြီးတောင်ကြားကနေ လက်နက်ကြီးငယ်တွေနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့ကြပါသေးတယ်။
ပုံစာ - ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါင်းတည် #စစ်တပ်သတင်းပေး #ပစ်ခတ်ခံရ
Share Share Share