အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့က ရိက္ခာအတွက်စိုက်ပျိုးထားတဲ့ နွေစပါးရိတ်သိမ်း

အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့က ရိက္ခာအတွက်စိုက်ပျိုးထားတဲ့ နွေစပါးရိတ်သိမ်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာအခြေစိုက်တဲ့ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ - Special Troop Of Anyar Revolution ဟာ တပ်ဖွဲ့ရိက္ခာအတွက် စိုက်ပျိုးထားတဲ့နွေစပါးခင်းကို ဇူလိုင် ၂၁ ရက်က  ရိတ်သိမ်းခြွေလှေ့ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက တောင်သူအချို့ အသုံးမပြုတဲ့ လယ် ၅ ဧကကို ခွင့်တောင်းကာ သက်ငယ် စပါးတွေကို ကြဲခင်း(တိုက်ရိုက်မျိးစေ့ချ)စနစ်နဲ့ စိုက်ပျိုးခဲ့ပြီး လက်ရှိမှာ ပြန်လည်ရိတ်သိမ်း နေတာလည်း ဖြစ်ပါတယ်။   

“စပါးစိုက်ပျိုးတဲ့ အဓိကအချက်ကတော့ အမြဲတမ်းအလှူခံနေမယ့်အစား ကိုယ်တိုင်လည်း လုပ်နိုင်စွမ်းရှိတယ်၊ ကျနော်တို့ကို ထောက်ပံ့နေတဲ့ အထောက်အပံ့တွေလျော့သွားအောင် ကိုယ့်ဝမ်းစာကိုယ်ရှာတဲ့ အဆင့်ရောက်အောင်ကြိုးစား‌နေတာပါ။ ပြည်သူအများစုရဲ့ လယ်ယာမြေလစ်လပ်မှုမရှိအောင်လည်း ပါတာပေါ့” လို့ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ရဲ့  အထွေထွေအတွင်း ရေးမှူး ကိုဆာန်က ပြောပါတယ်။

ရိတ်သိမ်းထားတဲ့ စပါး ၅ ဧကရဲ့ထွက်နှုန်းကိုတော့ မသိရသေးဘဲ လက်ရှိ စပါးကြိတ်ခွဲရာကနေ ရရှိလာမယ့် ဆန်ကွဲ၊ ဖွဲနုနဲ့ ဖွဲကြမ်းတွေကိုလည်း လေလွင့်မှုမရှိအောင် မွေးမြူထားတဲ့ ဝက်နဲ့ နွားစာအဖြစ် အသုံးပြုသွားမှာလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း တပ်ဖွဲ့ဝင်တွေဟာ စပါး ၁၂ ဧက စိုက်ပျိုးပြီး တပ်ဖွဲ့ရိက္ခာအတွက် အသုံးပြုတဲ့အပြင် ရိက္ခာလိုအပ်နေတဲ့ဒေသခံတွေကို မျှဝေပေးခဲ့တယ်လို့ ကိုဆာန်က ပြောပါတယ်။ 

အလားတူ စပါးအပြင် မိုးမြေပဲကိုပါ စိုက်ပျိူးခဲ့တဲ့အတွက် မြေပဲဆီ ပိဿာ ၃၀ လည်းကျော်ရရှိခဲ့ပြီး အခုလိုပဲ နှစ်စဉ်စိုက်ပျိုးသွားမယ်လို့လည်း ဆိုပါတယ်။ 

ပုံစာ - စပါးများရိတ်သိမ်းခြွေလှေ့မှု မြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စပါးရိတ်သိမ်း #ကာကွယ်ရေးတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10