တပ်ရင်း တနှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကျင်းပပေးပြီး ဆုချီးမြှင့် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်ထဲမှာ အခြေစိုက်တဲ့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တည်ထောင်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၂၁ ရက်က တပ်ဖွဲ့ဝင်တွေကို ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ကျင်းပပေးခဲ့တယ်လို့  တပ်ရင်းရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပါဝင်ယှဉ်ပြိုင်တဲ့ အသင်း ၄ သင်းရှိပြီး ပထမဆုရ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရုံးအဖွဲ့အသင်းကို ကျပ်ငါးသောင်းနဲ့ ဒုတိယဆုရ တပ်ခွဲ ၁၊ တပ်စိတ် ၂ အသင်းကို ကျပ်နှစ်သောင်း ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းဟာ ၂၀၂၁ မတ် ၂၇  ရက်နောက်ပိုင်းမှာ People Defence Force - Pwintbyu  အနေနဲ့ စတင်တည်ထောင်ခဲ့တာလို့ ပြောပါတယ်။

၂၀၂၃ ဇူလိုင် ၂၁ ရက်မှာတော့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းအဖြစ် ဝာာဝန်ထမ်းဆောင်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

မင်းဘူးခရိုင် အမှတ် ၇  တပ်ရင်းရဲ့ တည်ထောင်ခြင်း တနှစ်ပြည့်နေ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေကို  မင်းဘူးခရိုင်ကွပ်ကဲရေးရုံး (အမှတ် ၁ စစ်ဒေသ မကွေးတိုင်း)၊ မင်းဘူးခရိုင် တပ်ရင်း ၆၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူ၊ Yenanthar Youth Force(Local PDF)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့စတဲ့ တပ်ရင်းတပ်ဖွဲ့တွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မင်းဘူး #မင်းဘူးခရိုင်အမှတ်၇တပ်ရင်း #တနှစ်ပြည့် #အခမ်းအနား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10