ကိုဂျင်မီအပါ ကြိုးပေးအသတ်ခံရသူ ၄ ဦးအတွက် ၂ နှစ်ပြည့် ဝမ်းနည်းခြင်းသပိတ်  (Photo News)

ကိုဂျင်မီအပါ ကြိုးပေးအသတ်ခံရသူ ၄ ဦးအတွက် ၂ နှစ်ပြည့် ဝမ်းနည်းခြင်းသပိတ်  (Photo News)

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက ကြိုးပေးသတ်ခဲ့တာ ၂ နှစ်ပြည့်ပြီးဖြစ်တဲ့ ဇူလိုင် ၂၃ ရက် ဒီနေ့မှာ အရာတော်မြို့နယ်လူထုသပိတ် ဦးဆောင်ကော်မတီနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ဝမ်းနည်းခြင်းသပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ကြပါတယ်။ 

ဒီညနေပိုင်းက စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်-ရွှေဘိုလမ်းပိုင်းတနေရာမှာ သပိတ် စစ်ကြောင်းထွက်ခဲ့ကြတာလို့ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီတာဝန်ရှိသူက ပြောပါတယ်။ 

သပိတ်စစ်ကြောင်းမှာ “တရားတဲ့သူသာ နိုင်ကြေး‌‌ဟေ့” စာတန်းပါဘန်နာကိုကိုင်ကာ “ငါတို့အားလုံး ကိုဂျင်မီ၊ ငါတို့ အားလုံးကိုဖြိုးဇေယျာသော်၊ ငါတို့ အားလုံး ကိုအောင်သူရဇော်နဲ့ ငါတို့အားလုံး ကိုလှမျိုးအောင်” ဆိုတဲ့ ‌ကြွေးကျော်သံတွေ ဟစ်ကြွေးပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီကဦးဆောင်ကာ အ‌ရာတော်မြို့နယ် ပကဖ၊ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ရဲဘော်တွေကလည်း ပူးပေါင်း ဝန်းရံခဲ့ကြတယ်လို့ သိရပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #သပိတ်စစ်ကြောင်း #စစ်ကောင်စီ #ကြိုးပေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10