ပဲခူးတိုင်းအနောက်ခြမ်းမှာ ၂ပတ်အတွင်း အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်းမှာ ၂ပတ်အတွင်း အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်းမှာ ရက်သတ္တပတ် ၂ပတ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရ ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ပေါက်ခေါင်း၊ သဲကုန်း၊ မင်းလှနဲ့ အုတ်ဖိုနဲ့ ပေါင်းတည်မြို့နယ်တို့က အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး ဇူလိုင် ၄ ရက်ကနေ ၁၈ ရက်အတွင်းမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

ဇူလိုင် ၁၈ ရက်မှာ မင်းလှမြို့နယ်ထဲက ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုအောင်မြင့်ဦးနဲ့ စမ်းဘုတ်အုပ်စု အုပ်ချုပ်ရေးမှူး ကိုကျော်မင်းအောင်တို့ ၂ ဦးဟာ တရက်တည်းမှာ အသတ်ခံလိုက်ရတာဖြစ်ပါတယ်။ 

ဇူလိုင် ၁၆ ရက်မှာတော့ သဲကုန်းမြို့နယ် ဓားသွေး‌ကျောက်အုပ်စု အုပ်ချုပ်ရေးမှူး ကိုကျော်ဝင်း၊  ဇူလိုင် ၁၀ ရက်မှာ ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုဝင်းနိုင်၊  ဇူလိုင် ၈ ရက် မနက်မှာ အုတ်ဖိုမြို့နယ် ချောင်းခွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး ကိုချစ်ကိုနဲ့  ဇူလိုင် ၄ ရက် ညနေက ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဂျင်မီ(ခ) ရဲမင်းဌေးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ကြပါတယ်။ 

အဲဒီအထဲက မင်းလှမြို့နယ်၊ ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူးဆီက လက်ပစ်ဗုံးတလုံးနဲ့ သေနတ်ကျည်ဆန် ၂၆ တောင့် သိမ်းဆည်းရမိခဲ့ပါတယ်။

အခု အသတ်ခံရတဲ့သူအုပ်ချုပ်ရေးမှူးတချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရှင်းလင်းခြင်းခံရတဲ့ ယခင် အုပ်ချုပ်ရေးမှူးဟောင်းနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်ကြပါတယ်။ 

ပုံစာ - ပဲခူးတိုင်းအတွင်းက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ရဲဗလတံဆိပ်ပေးအပ်နေစဉ်။ (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အုပ်ချုပ်ရေးမှူး #ပေါက်ခေါင်း #သဲကုန်း #မင်းလှ #အုတ်ဖို #ပေါင်းတည် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10