အုတ်ဖိုက ရန်ကုန် - ပြည်လမ်းမပေါ် ရေကျော်နေ

အုတ်ဖိုက ရန်ကုန် - ပြည်လမ်းမပေါ် ရေကျော်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန် - ပြည်လမ်း မိုင်တိုင်အမှတ် ၁၁၂/၄ နဲ့ ၁၁၃/ ၄ ကြားမှာ ကတ္တရာလမ်း ရေကျော်နစ်မြုပ်နေတယ်လို့ သိရပါတယ်။

ရန်ကုန် - ပြည်လမ်းအရှေ့ဘက်ရှိ ပဲခူးရိုးမပေါ်က စီးဆင်းလာတဲ့ တောင်ကျရေ၊ ကွင်းရေနဲ့ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် ဇူလိုင် ၂၇ ရက် ဒီမနက် ၈ နာရီကျော်ကစတင်ပြီး ရေကျော်နေတာလို့ ဆိုပါတယ်။

အဆိုပါနေရာဟာ ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိတိုင်း နစ်မြုပ်လေ့ရှိကြောင်းသိရပြီး လက်ရှိအထိတော့ ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့ ရနေသေးတယ်လို့ သိရပါတယ်။    

ပုံစာ - ရန်ကုန်-ပြည်လမ်းကို ရေမြုပ်နေမှု မြင်ကွင်း။

 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #ရန်ကုန်-ပြည်လမ်း #ရေကျော် #ရေကြီးရေလျှံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10