PDF ကို စိန်ခေါ်တဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

PDF ကို စိန်ခေါ်တဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က PDF ကိုစိန်ခေါ်တဲ့ ရာအိမ်မှူးတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ BTZM GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက်၊ ရုံးချောင်းအုပ်စု၊ ငွေတူးကျောရွာက အသက် ၄၉ နှစ်ဝန်းကျင် ရာအိမ်မှူး ကိုမြင့်တင်ကို ဩဂုတ် ၂၃ ရက် မနေ့ည ၈ နာရီလောက်မှာ သူ့နေအိမ်အတွင်းဝင်ဖမ်းစဉ် ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ နှစ်ချက်ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့က ဦးမြင့်တင်ရေလို့ အိမ်ရှေ့က ခေါ်နေတုန်းမှာ သူကအိမ်နောက်ဖေးက ဆင်းပြေးလို့ သေနတ်နဲ့ ပစ်ခဲ့တာ။ ဦးခေါင်းနဲ့ ညာလက်ပြင်ကို မှန်ပြီး ပွဲချင်းပြီး သေသွားတာပါ။“ လို့ BTZM GBK PDF တပ်ခွဲမှူးတေဇမင်းက ပြောပါတယ်။

ဩဂုတ် ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်သားနဲ့ ပျူစောထီးအချို့ ရွာထဲကို သေနတ်ပစ်ဖောက်ရောက်လာပြီး အလောင်းကိုတော့ ကျေးရွာသားတွေအစီအစဉ်နဲ့ ဆေးရုံပို့ခိုင်းတဲ့သတင်း ပြန်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို BTZM GBK PDF နဲ့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁(Dragon Brothers) တို့ ပေါင်းကာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကိုမြင့်တင်ဟာ စစ်မှုထမ်းစုဆောင်းပေးတာ၊ ဒေသခံတွေအပေါ် ခြိမ်းခြောက်ငွေတောင်းတာအပြင် PDF တွေကို ဂရုမစိုက်ဘူး ကြိုက်တဲ့အချိန်လာခဲ့လို့ စိန်ခေါ်လေ့ရှိပြီး စစ်ကောင်စီကို ကူညီပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ချောင်းခေါင်းအုပ်စု၊ ချောင်းခေါင်းရွာက အုပ်ချုပ်ရေးမှူး ကျောက်ဒိုးကိုလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပေါက်ခေါင်း ပကဖတို့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူ ကိုမြင့်တင် အလောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ရာအိမ်မှူး #ပစ်သတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10