ဝင်ငွေမရှိလို့ အချိန်မီဆေးမကုလိုက်ရဘဲ စစ်ရှောင်စခန်းက ကိုယ်ဝန်သည်အပါ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ (ရုပ်/သံ)

ငွေကြေးအခက်အခဲကြောင့် အချိန်မီ ဆေးမကုသနိုင်လို့ စစ်ရှောင်စခန်းက အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ခြမ်း စစ်ဘေးရှောင်စခန်းက အသက် ၂၃ နှစ်နဲ့ ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး ငွေကြေးမတတ်နိုင်လို့ ဆေးမကုရဘဲ သေဆုံးခဲ့ပါတယ်။

သူတို့ ၂ ဦးလုံးဟာ နာတာရှည်ရောဂါသည်တွေမဟုတ်ကြဘဲ သာမန်တုတ်ကွေးဖြစ်နေရင်း ငွေကြေးမတတ်နိုင်တာကြောင့် ဆေးခန်းမပြဘဲနေရာက စက်တင်ဘာ ၁၅ နဲ့ ၁၇ ရက်တို့မှာ သေဆုံးခဲ့ကြရတာပါ။

စစ်ရှောင်စခန်းမှာ ဆရာဝန် မရှိတဲ့အတွက် ဖျားနာရင် ကျန်းမာရေးမှူးကသာ ဆေးကုပေးပြီး စခန်းမှာ ဆေးဝါးပြတ်လပ်တာမျိုးမဟုတ်ဘဲ ဆေးတွေက ဈေးကြီးတဲ့အတွက် မကုနိုင်ကြဘူးလို့ ဆိုပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာပဲ ဆေးဝါးမပြည့်စုံလို့ အရေးပေါ် ကိုယ်ဝန်ဆောင် ၁ ဦးဆေးကုသဖို့သွားစဉ် အချိန်မမီလိုက်ဘဲ လမ်းမှာဆုံးသွားခဲ့ပါသေးတယ်။ လက်ရှိကာလက ရာသီအကူးအပြောင်းကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ တုပ်ကွေးမိတာ၊ အအေးမိနှာဆေးချောင်းဆိုးတာ၊ နာတာရှည်ရောဂါ စတဲ့ရောဂါမျိုးစုံဖြစ်နေကြသလို အဖျားကူးစက်တာတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။ 

စစ်ရှောင်အများစုက ကောလင်းမြို့နယ် မြို့ပေါ်ရပ်ကွက်က ပြည်သူတွေဖြစ်ကာ တမြို့လုံးက မီးရှို့ဖျက်ဆီးခံထားရသလို လက်ရှိ မြို့ပေါ် တချို့နေရာတွေမှာ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိနေတာကြောင့် နေရပ်မပြန်နိုင်သေးသလို စခန်းမှာလည်း ဆေးဝါးနဲ့ စားသောက်ရေးပိုင်းမှာ ပုံမှန်ထောက်ပံ့ပေးနိုင်မယ့် ဘယ်အဖွဲ့အစည်းမှ မရှိသေးတဲ့အတွက် အကူအညီတွေ ဆက်ပြီးလိုအပ်နေဆဲ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ကောလင်း #စစ်ဘေးရှောင် #ဆေးဝါး #စားစရာ #အကူအညီလိုအပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10