ဘုတလင်နယ်ရှိ စစ်ဘေးရှောင်တွေကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

ဘုတလင်နယ်ရှိ စစ်ဘေးရှောင်တွေကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်းက စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ကျန်မာရေးစောင့်ရှောင်မှုအနေနဲ့ အခမဲ့ဆေးဝါးကုသမှုတွေပေးနေတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်တွင်းက ကျေးရွာတချို့ကို စက်တင်ဘာ ပထမပတ်က စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်ချိန် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူတွေကို ဆေးဝါးကုသမှုပေးနေတာလို့ သိရပါတယ်။

"လူနာ ၁၀၀ ကျော်ကြည့်ပေးဖို့ စီစဥ်ထားပါတယ်၊ ဆေး အနေအထားပေါ်မူတည်ပြီး ရပ်မှာပါမယ်။" လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ ဘုတလင်တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေထဲမှာ အများစုက ဖျားနာတာတွေဖြစ်ပြီး ကလေးငယ်တွေကတော့ သွေးလွန်တုတ်ကွေး ဖြစ်နေကြတယ်လို့ သိရပါတယ်။

ပထမအကြိမ် စက်တင်ဘာ ၂၂ ရက်ကတော့ စစ်ရှောင် ၁၇၀ ကျော်ကို ဆေးကုသမှုပေးခဲ့ပြီး အဲဒီအထဲမှာ မိုင်းထိ ရဲဘော် ၃ ယောက်၊ အဆီကျိတ်ခွဲ ၇ ယောက်တို့ပါဝင်ခဲ့တယ်လို့လည်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။

စစ်ဘေးရှောင်အများစုဟာ နီးစပ်ရာဆွေးမျိုးတွေအိမ်၊ ဘုန်းတော်ကြီးကျောင်းနဲ့ တောထဲတွေမှာ နေထိုင်နေပြီး ဘုတလင်မြို့နယ်တွင်းမှာ စစ်ရှောင်ပြည်သူ ထောင်ချီရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းက ဒီနေ့မှာတော့  စိုင်ပြင်လေးရွာမှာ ထပ်မံမီးရှို့မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ လဆန်းပိုင်းစတင်ပြီး စီပါရွာ၊ တက်လှိုင်း၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်း၊ ဆယ်ဝ၊ စိုင်ပြင်လေး၊ မြောက်ကျီရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ လူပေါင်း ၂၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ လူနေအိမ်ပေါင်း ၄၀၀ နီးပါး မီးရှို့ဖျက်ဆီးထားပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဘုတလင် #စစ်ဘေးရှောင် #စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် #ကျန်မာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10