ယောဒေသက စစ်ရှောင် ၄၀၀ ကျော်ကို YPDF က အခမဲ့ဆေးကုသပေး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ စစ်ရှောင်ပြည်သူတွေကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးတပ်ဖွဲ့ဝင်တွေက အောက်တိုဘာလအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ကို အခမဲ့ဆေးကုသပေးခဲ့တာဖြစ်သလို အများစုမှာ တုပ်ကွေးရောဂါဖြစ်ပွားနေကြတဲ့အတွက် အလှည့်ကျ ဆေးကုသပေးခဲ့ရတာပါ။

အများစုမှာ တုပ်ကွေး၊ ဖျားနာ၊ ညောင်းကိုက်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ယားနာများ အဖြစ်များကြပြီး သက်ကြီးပိုင်းအနေဖြင့် သွေးတိုး၊ ဆီးချို၊ မောပန်းတာနဲ့ အာရုံကြောအားနည်းတာ စတဲ့ရောဂါများကို ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁ ရက်မှ၂၁ ရက်အထိ စစ်ရှောင်ပြည်သူဦးရေ ၄၀၀ ကျော်ကို အခမဲ့ဆေးကုသပေးခဲ့ပြီး သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေကို ဆေးကုသပေးရတာ ပိုမိုများပြားတယ်လို့ ဆေးကုသရာမှာပါဝင်တဲ့ CDM သူနာပြုဆရာမ ၁ ဦးက ပြောပါတယ်။

ဆေးကုသရာမှာလည်း ဆေးဝါးပစ္စည်းတွေလိုအပ်ချက်ရှိသလို ငွေကြေးမပြည့်စုံတာကြောင့် ဆေးဝါးတွေ အလုံအလောက် မဝယ်ယူနိုင်ဘဲ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တပ်ဖွဲ့မှ CDM သူနာပြုဆရာမနဲ့ လက်ထောက်အထွေထွေ အတွင်းရေးမှူး ၁ ဦး ဦးဆောင်တဲ့ ဆေးတပ်သားတွေပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ ရွာတွေ၊စစ်ရှောင်စခန်းတွေအထိ အလှည့်ကျသွားရောက်ကုသပေးရတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ရှောင် #ကျန်းမာရေး #အခမဲ့ဆေးကုသ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10