သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ လက်အောက်ခံအဖွဲ့တွေကို PDF ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။
PDF ပူပေါင်းအဖွဲ့တွေဟာ ၆၀ မမ၊ ၄၀ မမတွေအပြင် လက်နက်ငယ်တွေနဲ့ နံနက် ၉ နာရီကနေ နာရီဝက်အကြာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ဆားလင်းကြီးမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ဟာ တဆက်တည်းရှိပြီး စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၂၀၀ ခန့်ဟာ ၂ နှစ်နီးပါး အထိုင်ချတပ်စွဲထားတာလို့ ဆိုပါတယ်။
အဆိုပါထွေအုပ်ရုံးနဲ့ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ချိန်မှာ စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်ပြီး လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ Monywa inventor အဖွဲ့တိုက်ခိုက်တာဝန်ခံ မိုးသောက်က ပြောပါတယ်။
ဒီတိုက်ခိုက်မူကို Monywa inventor၊ Triple Twoနဲ့ ချင်းတွင်းဒိုင်းနမိုက်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်းမှာ PDF ၁ ဦး မစိုးရိမ်ရ သေနတ်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးက လူမနေတော့တဲ့ နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် နေအိမ် ၅ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘန်ကာတွေ ကတုတ်ကျင်းတွေကို အခိုင်အမာ ပြန်တည်ဆောက်နေကြတယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ တပ်စွဲထားတဲ့ ၂ နှစ်ကျော်အတွင်းမှာ မြို့ပေါ်ကဒေသခံအများစုဟာ စစ်ဘေးရှောင်နေကြရတာလို့လည်းသိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ဆားလင်းကြီး #ရဲစခန်း #ထွေအုပ်ရုံး #တိုက်ပွဲ
Share Share Share