ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတဲ့ တပ်ဖွဲ့ဝင်တွေကို ငွေကျပ် ၆ သိန်းခွဲစီ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းက ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်မှာ ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

တပ်ဖွဲ့ဝင် ထွန်းဇော်ဦး၊ မိုးထက်အာကာ၊ ချစ်စန်းကိုနဲ့ ရဲဘော်ဝေလျှံတို့ကို ၁ ဦးကို ငွေကျပ် ၆ သိန်းခွဲစီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ တာဝန်ခံ ကိုဥက္ကာ က ပြောပါတယ်။

သူတို့တွေဟာ ၂၀၂၂ ခုနှစ်အတွင်းက စစ်ကောင်စီနဲ့ဖြစ်တဲ့ တိုက်ပွဲတွေအတွင်းနဲ့  မိုင်းစမ်းသပ်ထုတ်လုပ်ချိန်တွေမှာ မတော်တဆမှုဖြစ်ပြီး မျက်လုံး၊ လက်နဲ့ ခြေထောက်တွေ ထိခိုက်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီထောက်ပံ့တဲ့အခမ်းအနားကို ယင်းမာပင်ခရိုင်တပ်ဖွဲ့အခြေစိုက်ရာ တပ်ဖွဲ့ခန်းမမှာပြုလုပ်ခဲ့ပြီး နယ်မြေခံ ပကဖ၊ ပအဖနဲ့ တပ်ရင်းက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ မှာ တော်လှန်ရေးကာလအတွင်း ကျဆုံးရဲဘော် ၁၆ ဦးရှိကာ အဲဒီ ကျဆုံးရဲဘော်တွေအတွက်ကိုလည်း အဖွဲ့ကထောက်ပံ့ပေးခဲ့သလို MOD ဘက်ကလည်း ထောက်ပံ့ပေးခဲ့တာတွေရှိတယ်လို့ တပ်ဖွဲ့တာဝန်ခံက ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင် #ကိုယ်လက်အင်္ဂါ #စွန့်လွှတ် #ရဲဘော်#ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10