မကွေးမှာ အထက်တန်းကျောင်းသား ၁ ဦး ကြိုးဆွဲချသေဆုံး ■ အမျိုးသမီး ၁ ဦးလည်း ဧရာဝတီမြစ်ထဲဆင်းပြီး အဆုံးစီရင်ခဲ့
" သူက အထက ၄ မကွေးမှာ ၉တန်းတက်နေတာ။ မိဘတွေက ဖုန်းပေးမကိုင်လို့ ခုလိုလုပ်လိုက်တာလို့ ပြောသံကြားရတယ်။"
" သူက အထက ၄ မကွေးမှာ ၉တန်းတက်နေတာ။ မိဘတွေက ဖုန်းပေးမကိုင်လို့ ခုလိုလုပ်လိုက်တာလို့ ပြောသံကြားရတယ်။"
နိုဝင်ဘာ ၁ ရက်မနက် ၉ နာရီလောက်မှာ ၁ ကြိမ်၊ ညနေပိုင်းမှာ ၁ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၈ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကျွန်းကုန်းရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်မြင့်မြင့်မော် ဗုံးစထိမှန်ပြီး ဦးခေါင်းပွင့်သေဆုံးခဲ့ကာ တရွာတည်းနေ အသက် ၄၅ နှစ်အရွယ် ဦးထွန်းနိုင်လည်း ဘယ်ဘက်ပေါင်နဲ့ ဗိုက်ဖောက်ဝင်ဒဏ်ရာရခဲ့တယ်လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
“တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ချိန်မှာ ပျူစောထီးတွေက ၁ မိုင်လောက်ဝေးတဲ့ ဝဲလောင်ရဲစခန်းကို ထွက်ပြေးသွားတယ်။ စခန်းအရောက်မှာ သေနတ်ပစ်ဖောက်သံတွေတော့ ကြားရတယ်။ ပျူစခန်း ဝင်စီးတဲ့အချိန်မှာ သွေးကွက်တွေ တွေ့ရတယ်။”
"နယ်မြေအခြေအနေကြောင့် ခုနေမှထုတ်ပြန်ရတာပါ။ ဆုငွေကတော့ ပထမပိုင်းလောက် မပေးနိုင်ပါဘူး၊ သိန်း ၄၀ စီပဲပေးနိုင်တယ်။"
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၃ ဦးဒဏ်ရာရပြီး အဆောက်အဦ ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ဆီက သိရပါတယ်။
သူ့ရုပ်အလောင်းကိုတော့ ရှေ့တန်းတနေရာမှာပဲ မီးသင်္ဂြိုဟ်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှာ အရိုးပြာကို မိခင်တပ်ရင်းဆီပြန်သယ်ကာ အမိန့်ပြန်တမ်းဖတ်ပြီး အခမ်းအနားနဲ့ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ တပ်ထောက်တာဝန်ခံ ကိုနေမျိုးက ပြောပါတယ်။
အလင်းဝင်ရောက်လာသူမှာ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းက အသက် ၃၇ နှစ်အရွယ် ရဲတပ်ကြပ်ဖြစ်ပြီး BA 63 (G3) သေနတ် ၁ လက်နဲ့ ကျည်အချို့၊ လက်ပစ်ဗုံး ၁ လုံးယူဆောင်လာကာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းမှာ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။
အင်အား ၁၀၀ ဝန်ကျင်နဲ့တပ်စွဲနေတဲ့ စစ်အုပ်စုကို ညနေ ၃ နာရီလောက်မှာ ဒရုန်း ၂ စီးသုံးပြီး ဗုံးသီး ၅ လုံးကြဲချခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေတယ်လို့ Salingyi Border Task Force -SBTF အဖွဲ့ ပြန်ကြားတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ မိုးသည်းထန်စွာရွာပြီး ပြောင်းပြာချောင်းရေတက်လာချိန် ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တခုဆီက သိရပါတယ်။
၂၀၂၄ ခုနှစ် အစပိုင်းမှာတော့ တော်လှန်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးနိုင်မှုနဲ့ ရိက္ခာဖြတ်တောက်ထားနိုင်မှုတွေကြောင့် ပျူရွာတွေထဲမှာ စားနပ်ရိက္ခာရှားပါးလာမှုနဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ရွာအတွင်းက ပျူမိသားစုဝင်အချို့နဲ့ပြည်သူ ၄၀၀ ကျော်ဟာ ပုလဲပအဖဆီကို ထွက်ပြေးလာကြတယ်လို့ ပုလဲပအဖရဲ့လူသားစာနာတာ၀န်ခံက ပြောပါတယ်။
" သူက ကျန်တဲ့သူတွေ(ပျူစောထီး ၂ ဦး)နဲ့အတူ ကင်းကျတာ။ ဟိုလူတွေအိပ်ပျော်နေတုန်း သေနတ်တွေနဲ့ပစ္စည်းတွေယူပြေးလာတာ။ ည ၂ နာရီလောက်နေမယ်။"
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာမှာ အထိုင်ချနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေ ပါဝင်တဲ့စစ်ကြောင်းကို အောက်တိုဘာ ၂၃ ရက် မနေ့က မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ၊၆၀ မမတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။
ရှမ်း-မန်း စစ်ဆင်းရေးတွင် ကျဆုံးသွားခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီ PDF က အောက်တိုဘာ ၂၃ ရက်က ထောက်ပံငွေပေးအပ်ကန်တော့ခဲ့ကြပါတယ်။
"ငွေသားပဲ ကန်တော့တာပါ၊ မိဘတွေ လိုတာလေးတွေသုံးဖို့ ရဲဘော်တွေ ထီရောင်းရတဲ့ငွေလေးတွေနဲ့ပါ။ တခြားပစ္စည်းဆိုရင် မလိုအပ်မှာစိုးလို့ပါ။"
" ညပိုင်း အဲ့နေရာလူပြတ်နေတော့ မျက်မြင်သက်သေမရှိတော့ ဘယ်လိုပုံတိုက်တယ်ဆိုတာ မသိရသေးဘူး။ လက်ရှိတော့ CCTV တွေလိုက်ကြည့်နေတယ်။"