သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက တောင်သူတွေစိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေကို ချင်းတွင်းတိုက်ဂါးတပ်ဖွဲ့ ရဲဘော်တွေက ကူညီရိတ်သိမ်းပေးနေတာ ဖြစ်ပါတယ်။
ချင်းတွင်းတိုက်ဂါး LPDF အဖွဲ့ဟာ ယင်းမာပင်နယ်မှာ လက်ရှိစစ်ရေးငြိမ်နေလို့ တိုက်ပွဲနားချိန်တွေမှာ ယင်းမာပင်မြို့နယ်ထဲက နှမ်းစိုက်တောင်သူ ၆ ဦးရဲ့ စိုက်ပျိုးဧက ၁၀ ဧကကျော်ကို နိုဝင်ဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကူညီရိတ်သိမ်းပေးခဲ့တာလို့ ချင်းတွင်းတိုက်ဂါး LPDF အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိသူတို့အဖွဲ့ဟာ ယင်းမာပင် ပကဖနဲ့အတူ ပုလဲနယ်တနေရာမှာ ရှေ့တန်းထွက်နေကြပြီး ရှေ့တန်းမလိုက်ရဘဲ ကျန်တဲ့ရဲဘော်တွေက တိုက်ပွဲရပ်နားနေချိန်မှာ အခုလိုတောင်သူတွေရဲ့ ရာသီပေါ်သီးနှံတွေကို ကူညီရိတ်သိမ်းပေးနေကြတာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ယင်းမာပင် #တောင်သူစိုက်ခင်း #ကူညီရိတ်သိမ်း #ချင်းတွင်းတိုက်ဂါး #LPDF
Share Share Share