မကွေးမှာ တိုင်းကျန်းမာရေးဒုတိယဦးစီးမှူး အမျိုးသမီးဆရာဝန် ဓားထိုးခံရပြီး သေဆုံး

မကွေးမှာ တိုင်းကျန်းမာရေးဒုတိယဦးစီးမှူး အမျိုးသမီးဆရာဝန် ဓားထိုးခံရပြီး သေဆုံး

မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကာလသားရောဂါတိုက်ဖျက်ရေးဌာန တိုင်းဒုတိယဦးစီးမှူး ဒေါက်တာမို့မို့စိမ့်ဟာ ဓါးခုတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဓါးနဲ့ထိုးခဲ့သူဟာ အသက် ၂၁ နှစ်အရွယ် မောင်ဝေလင်းနိုင်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်ညနေ ၅ နာရီလောက်မှာ သူ့မိခင်ကို ဆေးခန်းပြချိန် ဒေါက်တာဒေါ်မို့မို့စိမ့်နဲ့ စကားများခဲ့ပြီးနောက် နေအိမ်ကို ဓါးပြန်ယူပြီး ထိုးခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့အိမ်နားကပါ။ အဲ့ကလေးက သူအမေဆေးခန်းသွားပြတာ၊ ပြချိန်မှာ ငွေလေး ၆ ထောင် ကျန်တာပါ၊ လူတောထဲပေါ့ ကလေးကလည်းလူပျိုဆိုတော့ ပိုးစိုးပက်စက်ပြောတော့ ကလေးက ရှက်သွားတာ၊ ငွေလေး ၆ ထောင်နဲ့ အဲ့လိုပြောရမလားဆိုပြီး ဖြစ်သွားရတာ” လို့ မကွေးမြို့ခံတဦးက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီး “စိမ်း” ဆေးခန်းအတွင်းမှာ ဖြစ်ပါတယ်။ 

ဓါးထိုးမှုကြောင့် ဒေါက်တာမို့မို့စိမ့်ရဲ့ လည်ပင်းမှာဓားထိုးသွင်းဒဏ်ရာ ၂ ချက်ရခဲ့ပြီး မကွေးဆေးရုံကြီးမှာ ဆေးကုသနေစဥ် ည ၇ နာရီခွဲမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဝေလင်းနိုင်ကိုတော့ မကွေးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။ 

လက်ရှိမှာ ရုပ်အလောင်းကို နေအိမ်ကိုပြန်သယ်ထားပြီး နိုဝင်ဘာ ၂၃ ရက် မနက်ဖြန်နေ့လယ်မှာ သင်္ဂြိုဟ်မယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - ဓါးထိုးခံရသည့် ဒေါက်တာမို့မို့စိမ့်ကို မကွေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဥ်။ 

ဓါတ်ပုံ - ဖိုးသန်း (Facebook)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #တိုင်းကျန်းမာရေးဆရာဝန် #ဓားထိုး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10