သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာကနေ အင်ပင်ရွာဘက်ကို ကင်းလှည့် ထွက်လာတဲ့ စစ်အုပ်စု ၃၀ ဦးခန့်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖဆီက သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက် မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ ခမရ ၄၃၉ က စစ်အုပ်စု ၃၀ ဦးခန့် ကင်းလှည်အလာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ကျော်ဖြစ်ခဲ့တာလို့ ပြောပါတယ်။
"ကျနော့်ကလေးတွေက ကင်းပုန်းစောင့်နေချိန် သူတို့ဝင်လာတော့ အလစ်ငိုက်ထိတွေ့ဖြစ်ကြတာ၊ သူတို့ဘက်ကပြန်ဆုတ်သွားတော့ ကျနော့်ကလေးတွေသွားကြည့်တော့ ဘာမှတော့မကျန်ခဲ့ဘူး သွေးကွက်တွေပဲတွေ့တာ" လို့ သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲသစ္စာက ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ စစ်သား ၂ ဦး နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက ဖြူးမြို့နယ်ပြည်သူ့ဆေးရုံမှာ သေဆုံးသွားတယ်လို့ စစ်ရေးတာဝန်ခံ ဒေသခံတဦးကအကြောင်းကြားလာတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို KNLA စစ်ကြောင်း၊ သာယာဝတီခရိုင် ပကဖနဲ့ ဖြူးမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ပဲခူး #ဖြူး #စစ်ကောင်စီ #တိုက်ပွဲ #သေဆုံး
Share Share Share