သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်းအရှေ့ခြမ်း အခြေစိုက် ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသက် ၃၀ အရွယ် တပ်ရင်းမှူးအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီး တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်မှာ ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ရာက တပ်ရင်းမှူး အောင်ဟိန်းဖြိုးကို ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော်ဇိုးကြီးရဲ့ ရုပ်အလောင်းကိုတော့ ပြန်မရသေးဘူး၊ လက်ရှိတိုက်ပွဲရှိနေသေးတယ်၊ သတင်းအရ တပ်ရင်းမှူးတဦးပဲ (ကျဆုံး) သိရတယ်၊” လို့ ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူ တဦးက ပြောပါတယ်။
ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နတ်မောက်မြို့နယ် ကိုယ်စားပြုတပ်ရင်း တခုလည်းဖြစ်တဲ့အတွက် ကျဆုံးသူရဲ့ စစ်ရေးရည်မှန်းချက် အတိုင်း မကွေးတိုင်းအရှေ့ခြမ်းမှာလည်း စစ်ကောင်စီတပ်တွေကိုဆက်ပြီး တိုက်ခိုက်သွားမယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

တပ်ရင်းမှူးအောင်ဟိန်းဖြိုးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်သင်တန်း တက်ရောက်ခဲ့ ပြီး ၂၀၂၃၊ ဇွန်ကစတင်ကာ ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းကာ ပဲခူးရိုးမမှာ အခြေချပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ပုံ - စစ်ကောင်စီတယ်လီဂရမ်ချန်နယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #မကွေး #စစ်ကောင်စီ #တိုက်ပွဲ #ကျဆုံး
Share Share Share