သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းရွာက ထွက်လာတဲ့ ပြည်သူ့စစ် ၁ ဦးကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Young Force - UG အဖွဲ့ဆီက သိရပါတယ်။
အသက် ၁၈နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဖိုးသောကြာဟာ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ PDF ကင်းပုန်းတွေရှိနေတဲ့ နေရာကို လမ်းမှားရောက်လာချိန် ဖမ်းဆီးလိုက်တာလို့ Young Force - UG အဖွဲ့တာဝန်ခံက ပြောပါတယ်။
"သူကအလင်းဝင်လာမဟုတ်တော့ ခုစစ်ဆေးနေတယ်၊ သူပြောတာကတော့ စစ်မှုအတင်းထမ်းခိုင်းလို့ ထမ်းရတာလို့တော့ပြောတယ်။ ဒါကမိမှပြောတာလည်းဖြစ်မယ်၊ ခုစစ်ဆေးနေဆဲပါ" လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်နဲ့အတူ ကာဘိုင်အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၄၅ ထောင့်၊ ကျည်ကာဝတ်စုံ ၁ ထည်၊ ဦးထုပ် ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ကို PDF ကရရှိထားပါတယ်။
ဒီဖမ်းမှုကို Pakokku People Defense Force (PPDF)နဲ့ Young Force U.G တပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ဂွေးချိုပင်ရွာကို ဒရုန်းချတိုက်ခိုက်ခဲ့သလို ပခုက္ကူ-ရေစကြိုကားလမ်းပေါ်က စစ်တပ်ဂိတ်ကိုလည်း ၄၀ မမ ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ပြည်သူစစ်၁ဦး #လက်နက် #PDF #ဖမ်းမိ
Share Share Share