သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြစ်သားမြို့၊ မြို့မလမ်းဘေးစျေးဆိုင်တန်းရှိ စျေးဆိုင် ၁၀၀ နီးပါးကို မြို့နယ်စစ်ကောင်စီက ဖျက်သိမ်းခိုင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက်က မြစ်သားမြို့ကို စစ်ကောင်စီမန္တလေးတိုင်းဝန်ကြီးချုပ် လာရောက်သွားပြီးနောက် မြို့မလမ်းပေါ်က စျေးဆိုင်တန်းတွေကို လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုကာ နိုဝင်ဘာ ၂၄ ဒီကနေ့ နောက်ဆုံးထား ဖျက်သိမ်းခိုင်းခဲ့တာလို့ ဆိုပါတယ်။
" ကျနော် (အသက်) ၁၈/၁၉ လောက်ထဲက စျေးရောင်းတာ ခုဆို အသက် ၄၆ တောင်ရှိပြီလေ။ အမေဆို ထမင်းတောင် မစားနိုင်ဘူး၊ သွေးတွေတိုးလို့ ဆေးခန်းပြရတယ်။ ခုချိန်က ဘယ်သူမှ အဆင်မပြေကြဘူးလေ။" လို့ ဖျက်သိမ်းခံလိုက်ရတဲ့ စျေးဆိုင်ပိုင်ရှင်အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
မြို့မလမ်းမပေါ်က စျေးဆိုင်တန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော် ၂၀၀၀ ခုနှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထမင်းဆိုင်၊ အကြော်ဆိုင်၊ ကုန်စိမ်းဆိုင် စတဲ့စျေးဆိုင်ပေါင်း ၁၀၀ နီးပါးနဲ့ ယခင်အစိုးရ အဆက်ဆက်စျေးရောင်းချခဲ့ကြတာဖြစ်ကာ အဲ့ဒီဆိုင်ခန်းတွေကို လက်ရှိစစ်ကောင်စီက ဖိအားပေး ဖျက်သိမ်းခိုင်းတာလို့ ဆိုပါတယ်။
“ ဆိုင်ခန်းတွေဖျက်ရတော့ ဘာလုပ်ရမယ်ဆိုတာတောင် မသိရသေးဘူး။ ဘယ်သူမှလည်း ပြန်မဖွင့်ရဲဘူး။ မဖျက်ရင် ဘက်ဟိုး(မြေတူးစက်)နဲ့ ကုတ်မှာလို့ပြောသွားတာ။” လို့ သူက ဆက်ပြောပါတယ်။
ပုံစာ - ဖျက်သိမ်းခံရသည့် ဆိုင်ခန်းများ။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မြစ်သား #မြို့မလမ်း #ဈေးဆိုင်ခန်း #စစ်တပ် #ဖျက်သိမ်း
Share Share Share