အောင်ကောင်းလင်း

နွားပွဲစျေးလာတဲ့ လူငယ် ၂၀ ဦးခန့်ကို အောင်လံစစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး အဆက်အသွယ်ပြတ်နေ ■ ဖမ်းဆီးထားသူတွေကို စစ်မှုထမ်းလိုအပ်ချက်ရှိတဲ့မြို့တွေထံ ရောင်းစားနေတယ်လို့ဆို

" အဲ့လိုပေါ့ ကြာသာပတေး(နွားစျေး)နဲ့ကြုံရင်လည်း အရင်တုန်းကလည်း လွန်ခဲ့တဲ့ ၄ ၊ ၅ လ လောက်က အဲလိုမျိုးတကြိမ်ဖြစ်ဖူးတယ်လေ။ အောင်လံမြို့ဝင် တာဂွက စောင့်ပြီးဖမ်းတာ။”

မကွေးမှာ တိုင်းကျန်းမာရေးဒုတိယဦးစီးမှူး အမျိုးသမီးဆရာဝန် ဓားထိုးခံရပြီး သေဆုံး

"သူတို့အိမ်နားကပါ။ အဲ့ကလေးက သူအမေဆေးခန်းသွားပြတာ၊ ပြချိန်မှာ ငွေလေး ၆ ထောင် ကျန်တာပါ၊ လူတောထဲပေါ့ ကလေးကလည်းလူပျိုဆိုတော့ ပိုးစိုးပက်စက်ပြောတော့ ကလေးက ရှက်သွားတာ၊ ငွေလေး ၆ ထောင်နဲ့ အဲ့လိုပြောရမလားဆိုပြီး ဖြစ်သွားရတာ”

အမ်း-ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများဟုဆို

"တိုက်ပွဲအတွင်းမှာတော့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၉ ယောက်လောက်ကျသွားတာကို မြင်ခဲ့ရတယ်လို့ မြေပြင်က သတင်းပို့ပါတယ် "

ဖြူးမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာကနေ အင်ပင်ရွာဘက်ကို ကင်းလှည့် ထွက်လာတဲ့ စစ်အုပ်စု ၃၀ ဦးခန့်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖဆီက သိရပါတယ်။

ပခုက္ကူမှာ ပြည်သူ့စစ် ၁ ဦးကို လက်နက်နဲ့တကွ PDF ကဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းရွာက ထွက်လာတဲ့ ပြည်သူ့စစ် ၁ ဦးကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Young Force - UG အဖွဲ့ဆီက သိရပါတယ်။

ပုလဲကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ ဝန်ထမ်း ၂ ဦးအပါ အရပ်သားအချို့သေဆုံး (ရုပ်/သံ)

နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်ကစတင်ပြီး ၁၀ နာရီကျော်အထိ ပုလဲ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနဲ့ ပုလဲမြို့ပေါ်ရပ်ကွက်တွေကို ပေါင် ၅၀၀ ဗုံး အလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ပုလဲမြို့ လျှပ်စစ်မြို့နယ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ထွေအုပ်ဝန်ထမ်း မမျိုးဦးနဲ့ သားဖြစ်သူတို့လည်း သေဆုံးခဲ့ရတယ်လို့ ကျားသစ်နက်တပ်မတော်ဆီက သိရပါတယ်။

ပေါင်းတည်မှာ လမ်းသွားလူငယ်တွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ

" မနေ့ကတင် (နိုဝင်ဘာ ၁၀) သရက်ချဥ်က ၇ ယောက်၊ ထန်းတောရွာက ၃ ယောက် ဖမ်းသွားတယ်။ ရွာထဲကို ကင်းလှည့်သလို၊ ဘာလိုနဲ့ စောင့်စစ်တယ်။ သူတို့ဘောင်ဝင်တဲ့သူတွေဆို ခေါ်ခေါ်သွားတာ"

ပုဂံမှာ ဧည့်သည်တွေကို ရိုက်နှက်ခဲ့သူ ၆ ဦးကို ညောင်ဦးရဲစခန်းမှာ ဖမ်းဆီးထား

"ဘယ်လိုဖြစ်လဲဆိုတော့ သူတို့သူငယ်ချင်း ၇ ယောက်ပုဂံကိုခရီးထွက်တယ်။ သောကြာနေ့ညရောက်တော့ သူတို့အိပ်လိုက်တယ်၊ စနေနေနိုးလာတယ်၊ လျှောက်လည်ကြတယ်။ အဲ့လိုသူတို့တွေလျှောက်သွားတယ် လျှောက်လည်တယ်။ တနင်္ဂနွေနေ့ ည ၇ နာရီလောက်မှာပဲ မြစ်ဘေးနားက ကန်ဘောင်မှာသောက်ရင်းစားရင်း Bluetooth Speaker နဲ့သီချင်းဖွင့်တယ်။ အဲဒါကို အသံတိုးပေးဖို့ ဟိုတယ်ဝန်ထမ်း ၁ ဦးလာပြောတယ်။ သောက်ရင်းစားရင်းဆိုတော့ နည်းနည်းတော့ စကားအချေအတင်ဖြစ်ပုံပဲ။ ဒါပေမဲ့ ပြဿနာတက်တဲ့ အဆင့်ရောက်မသွားဘူး။ ကျနော့်ကောင်တွေက Bluetooth ပိတ်လိုက်ကြတယ်။ ၅ ဦးဟိုတယ်ကို ပြန်တယ်။ ကျန် ၂ ယောက် သူတို့ကောင်မလေးတွေနဲ့ စကားပြောနေတော့ ကျန်ခဲ့တယ်။ အဲ့မှာ ဟော်တယ်အခန်းနား အရောက် စရိုက်တာပဲ"

ပင်လည်ဘူး စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ အတွက် အခြေခံစားကုန်တွေ လှူဒါန်း (ရုပ်/သံ)

ပင်လည်ဘူးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းနေရာ ၅ ခုက စစ်ရှောင်အိမ်ထောင်စု ၅၀၀ အတွက် ၁ အိမ်ထောင် ဆန် ၄ ပြည်၊ ပဲဆီ ၁ လီတာနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖိုးခန့် ထောက်ပံ့လှူဒါန်းပေးခဲ့တာလို့ သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ပါတယ်။

စစ်တပ်ကင်းစခန်း ၂ ခုတပြိုင်တည်း စီးနင်းတိုက်ခိုက်ခံရလို့ ၆ ဦးကျော် သေဆုံး (ရုပ်/သံ)

အမ်း - ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်း ၂ခုကို ကာကွယ်ရေးတပ် ၃ ခုပေါင်းပြီး တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၆ ဦးကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို PDF က အသင့်စောင့်တိုက်ခိုက်လို့ ၃ ဦးသေပြီး လက်နက်အချို့ရရှိ

"သူတို့ ရွာအရှေ့ဘက်ခေါင်းရင်းကို ထွက်လာတာပေါ့။ ထွက်လာတဲ့အချိန်မှာ ကျနော်တို့က ဒီကောင်တွေအရင်တုန်းထဲကသူတို့ ထွက်နေတာကိုသိတယ်။ အဲ့တော့ကျနော်တို့ 8+အညာမြေတပ်ပေါင်းစုအဖွဲ့ ရှေ့ကစောင့်ကြိုပြီး မနက် ၉ နာရီမှာ တိုက်ပွဲဖြစ်ခဲ့တာ။"

စစ်တပ်ကင်းစခန်း ၂ ခု တပြိုင်တည်း စီးနင်းတိုက်ခိုက်ခံရလို့ ၆ ဦးကျော်သေဆုံး

“ကျနော်တို့ အနီးကပ်သွားရောက်ပြီးမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စခန်းကို ကျနော်တို့ဝင်ရောက်သိမ်းပိုက်နိုင်တဲ့ အခြေနေထိတော့ မရှိခဲ့ပါဘူး။ သေဆုံးမှုကိုတော့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေမျက်မြင်အရှေ့မှာတော့ ၆ ယောက်လောက်ကျဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိတယ်။"

စစ်ကောင်စီယာဥ်တန်းကိုလုံခြုံရေးယူနေတဲ့ စစ်အုပ်စုအနီးကပ်ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဘက်ကနေ မုံရွာမြို့ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးနေတဲ့ ကင်းပုန်းဝပ်စစ်သားတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Black Hero LPDF အဖွဲ့ဆီက သိရပါတယ်။

လမ်းဆုံလမ်းခွက စစ်တပ်ဂိတ်ကို PDF တွေအသင့်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၃ ဦးသေဆုံး

" ကင်းပုန်းဝပ်ပြီး ထိပ်တိုက်ပစ်ရတဲ့ ၂ ကောင်ကတော့ ပက်လက်လန်တယ်။ နောက်က နောက်တိုးအင်အားလာတဲ့အချိန်မှာ အဲ့ဒီ Body ကိုပဲ ကျနော်တို့က ပစ်အားစုထားတာပေါ့နော်။ သေပြီးသားကောင်ကို ထပ်ပြီးပစ်နေတာဖြစ်တဲ့အတွက် အဲ့ ၂ကောင်ကတော့ လုံးဝ လုံးဝ မုန့်ဟင်းခါးပေါ့ဗျာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10