သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေးခရိုင်သက်မွေးပညာကော်မတီအဖွဲ့ဝင်တွေဟာ စစ်ရှောင်စခန်းက အမျိုးသမီးငယ်တွေအတွက် လိင်ပိုင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၃၀ ရက်မှာ ပြုလုပ်ပေးခဲ့ပါတယ်။
ချင်းပြည်နယ်အတွင်း စစ်ရှောင်စခန်းတခုမှာနေထိုင်နေကြတဲ့ အသက် ၁၀ နှစ်ကနေ ၂၂ နှစ်အတွင်း အမျိုးသမီးငယ်တွေအတွက် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့တာပါ။
တကိုယ်ရည်သန့်ရှင်းရေးနဲ့ လိင်ပိုင်ဆိုင်ရာပညာပေးမှု၊ မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရေး၊ အကြမ်းဖက်မှု လျှော့ချရေး၊ လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတတွေကိုဟောပြောပြီး အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။
“အကျိုးအမြတ်အနေနဲ့ကတော့ ခုလိုဟောပြောပွဲတက်ရောက်လိုက်တဲ့ အမျိုးသမီးငယ်တွေအနေနဲ့ သူတို့ တကိုယ်ရည်သန့်ရှင်းရေး ဘယ်လိုလုပ်ရမယ်၊ သူတို့ကိုယ်သူတို့ ဘယ်လို ကာကွယ်ရမယ် ဆိုတာတော့ သူတို့ရသွားမယ့် အကျိုးအမြတ်ပါပဲ။” လို့ ကလေးခရိုင်သက်မွေးပညာကော်မတီ တာဝန်ခံ ဒေါ်ရတီအုန်း က ပြောပါတယ်။
ဟောပြောပွဲလာသူတွေကို ဆပ်ပြာ၊ သွားတိုက်ဆေး သွားတိုက်တံ၊ မျက်နှာသုတ်သဘက်၊ လစဉ်သုံးပစ္စည်း၊ PH care၊ အတွင်းခံ၊ ပေါင်ဒါတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။
ခုလိုပြုလုပ်တဲ့ရည်ရွယ်ချက်တွေထဲမှာ ကြာကာလပညာရေးကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ ထည့်သွင်းသင်ကြားနိုင်ဖို့လည်း ပါဝင်တယ်လို့ ဒေါ်ရတီအုန်းက ပြောပါတယ်။
ကလေးခရိုင်သက်မွေးပညာကော်မတီဟာ ၂၀၂၃ နိုဝင်ဘာကစပြီး ၂၀၂၄ နိုဝင်ဘာလ ၃၀ ရက်အထိ ခုလိုဟောပြောပွဲတွေကို ချင်းပြည်နယ်မှာ ၁ ကြိမ်၊ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ၁ ကြိမ်၊ ကလေးမြို့နယ်မှာ ၁၉ ကြိမ်၊ တမူးမြို့နယ်မှာ ၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ကလေးခရိုင် #စစ်ရှောင် #အမျိုးသမီး #ဟောပြောပွဲ
Share Share Share