သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
Eagle Wings ဒရုန်းအဖွဲ့ဟာ တိုက်ခိုက်ရေးပိုင်းမှာအရှိန်ရလာတဲ့ ၂၀၂၃ ခုနှစ်အတွင်းကစတင်ကာ စစ်ကောင်စီကို ထိထိရောက်ရောက် တိုက်ပွဲတွေဆင်နွှဲနိုင်ဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။
ဒီအတွက်လည်း စွမ်းဆောင်ရည်မြင့်မားတဲ့ ဒရုန်းတွေလိုအပ်တာကြောင့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ နဲ့အတူ ရန်သူပစ်မှတ်ကို တိကျအောင်နဲ့ အလေးချိန်များတဲ့ ဗုံးသီးတွေကိုသယ်နိုင်တဲ့ ပန်ကာ ၄ လက်ပါ ဒရုန်း ၂ စီးဝယ်ယူဖို့ အမုန်းတီးမဲ့ ဒရုန်း ၂ စီးကမ်ပိန်းဆိုပြီး ရက်ရှည်ကမ်ပိန်း ၁ ခုကို ပြုလုပ်နေတယ်လို့ အဖွဲ့တာဝန်ခံ ကိုဇေယျာမင်းက ပြောပါတယ်။
သူတို့အဖွဲ့ကလိုချင်တဲ့ ပန်ကာ ၄ လက်ပါ Multirotor Quad အမျိုးအစား ဒရုန်း ၁ စီးဟာ လက်ရှိ တန်ဖိုး မြန်မာကျပ် သိန်း ၃၉၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒီကမ်ပိန်းမှာ ကျပ်သိန်း ၆၀၀ ရရှိဖို့သတ်မှတ်ထားပြီး ကမ်ပိန်းကာလကို ယခုနှစ် နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားပေမယ့် အလှူငွေ ၃၀ ရာနှုန်းသာရရှိထားတာကြောင့် သိန်း ၆၀၀ မပြည့်မချင်း ရက်အကန့်အသတ်မထားဘဲ ဆက်ပြီးလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယင်းမာပင်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ Eagle Wings Drone Force အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်လောက်ကတည်းကစတင်ပြီး ဒရုန်းအဖွဲ့ကိုဖွဲ့ဖို့ စတင်ကြိုးပမ်းလာခဲ့ကြတာဖြစ်ပါတယ်။
Eagle Wings ဒရုန်းအဖွဲ့မဖြစ်ခင်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူတွေတချို့က လွတ်မြောက်နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အခြေခံစစ်ပညာနဲ့ ဒရုန်းတိုက်ခိုက်ရေးပညာကို သင်ယူခဲ့ကြတယ်လို့ အဖွဲ့တာဝန်ခံ ကိုဇေယျာမင်းက ပြောပါတယ်။
အဲ့ဒီနောက် ၂၀၂၃ ဇန်ဝါရီ ၂၂ ရက်မှာတော့ Eagle Wings DroneForce အဖွဲ့ကို စတင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
စစ်ကောင်စီကို လူအင်အားနည်းနည်းနဲ့ ထိရောက်အောင်တိုက်ခိုက်ဖို့နဲ့ အသက်အန္တရာယ် အတွက်လည်း အထိုက်အလျောက်ကာကွယ်နိုင်ဖို့ဆိုပြီး ဒရုန်းတိုက်ခိုက်ရေးကိုပဲ ရွှေးချယ်ခဲ့တာလို့ ကိုဇေယျာမင်းက ဆိုပါတယ်။
ဒရုန်းအဖွဲ့ ဖြစ်လာချိန်မှာလည်း လူအင်အား၊ တပ်ဖွဲ့အသုံးစရိတ်၊ တိုက်ခိုက်ရေးအတွက် ဒရုန်းကအစ မရှိသေးဘဲ အဖွဲ့ကရဲဘော်တွေမှာရှိတဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ထုရောင်းခဲ့ကြပြီး Fixed Wings ဒရုန်း ၂ စီး ကိုဝယ်ခဲ့ကာ တိုက်ခိုက်ရေးကို အကောင်အထည်ဖော်ခဲ့တယ်လို့ တာဝန်ခံ ကိုဇေယျာမင်းက ဆိုပါတယ်။
ဒရုန်းအဖွဲ့ ဖွဲ့ပြီးနောက်ပိုင်း မကြာခင်မှာပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ကနီမြို့သိမ်းတိုက်ပွဲ၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ၊ မြိုင်မြို့နယ် လင်းကတော စခန်းသိမ်းတိုက်ပွဲတွေ အပါအဝင် တိုက်ပွဲပေါင်း ၇ ခုကို ဒရုန်းနဲ့အားဖြည့်ပါဝင် တိုက်ခိုက်ပေးခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်အုပ်စုဝင် ၂၀ နီးပါးကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းအဖွဲ့ကို လက်ဗလာနဲ့စခဲ့တဲ့ Eagle Wings ဒရုန်းအဖွဲ့ မှာ ခုလက်ရှိ Fixed Wings ဒရုန်း ၁၀ စီး အပါအဝင် ဒရုန်း ၁၄ စီးကို ပြည်တွင်းပြည်ပ အလှူရှင်တွေ ထောက်ပံ့တဲ့ငွေနဲ့ ဝယ်ယူထားပြီး အဲဒီ ဒရုန်း ၁၄ စီးထဲက တိုက်ပွဲဝင်ရင်း စစ်အုပ်စု Jammer ကြောင့် ဒရုန်း ၆ စီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်။
အင်တာဗျူး -အောင်ကောင်းလင်း၊ သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ယင်းမာပင် # Eagle_Wings_Drone_Force #ဒရုန်းကမ်ပိန်း #PDF
Share Share Share