ရွာပေါင်း ၂၀ ကျော်ပါဝင်ပြီး ၁၀ ရက်ဆက်တိုက် ကျင်းပခဲ့တဲ့ ရိုးရာဘုရားပွဲ (ရုပ်/သံ)

ပေါက်မြို့နယ်၊ အရှေ့ခြမ်းနဲ့ မြိုင်မြို့နယ် အနောက်တောင် တကြောလုံးက ကျေးရွာပေါင်း ၂၀ ကျော်မှာ ရိုးရာဘုရားပွဲကို ၁၀ ရက်ဆက်တိုက် ရက်ရှည်ကျင်းပခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်နယ်စပ်က ကျေးရွာပေါင်း ၂၀ ကျော်မှာ ဒီဇင်ဘာ ၅ ရက် ကနေ ၁၅ ရက်အထိ ၁၀ ရက်တိုင်တိုင် စည်စည်ကားကား ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီရိုးရာဘုရားပွဲကို အစဥ်အလာမပျက် နှစ်စဥ်ကျင်းပနိုင်ခဲ့ကြပေမယ့် ကိုဗစ် ၁၉ ကာလနဲ့ အာဏာသိမ်းမှုဖြစ်စဥ်တွေကြောင့် ၃ နှစ်မကျင်းပဘဲ နေခဲ့ရာကနေ ၂၀၂၃ ခုနှစ်က စတင်ကာပြန်ကျင်းပနိုင်ခဲ့ကြတာပါ။

၂ ရွာစီပေါင်းကာ ရွာ ၂၀ ကို ၁၀ ရက်နဲ့ တလှည့်စီဆက်တိုက်ကျင်းပခဲ့ကြပြီး ပွဲတိုင်းကို ရွာ ၂၀ ကျော်လုံးက လာရောက်ခဲ့ကြတယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

အခုလို ရက်ရှည်ကျင်းပတဲ့ ရိုးရာဘုရားပွဲကို ၃ နှစ်လောက်မကျင်းပခဲ့ရဘဲ မနှစ်ကစလို့ အခုလိုကျင်းပနိုင်ခဲ့ပြီး ပါဝင်ခွင့်ရခဲ့အပေါ်မှာလည်း ဒေသခံတွေ ပျော်ရွှင်နေကြရပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ပေါက် #ရွာ၂၀ကျော် #ရိုးရာဘုရားပွဲ #ကျင်းပ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10