သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
က ၃ လုံးစစ်ဆင်ရေးနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွေမှာ ဒဏ်ရရသူတွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ရှေးတန်းကနေ ဆေးခွင့်နဲ့ပြန်လာချိန်မှာ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ တပ်ရင်း ၂၈ ဓားမဆိုင်းအဖွဲ့ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက ကသာ၊ ကောလင်း၊ ကန့်ဘလူ စတဲ့ခရိုင် ၃ ခုကို က ၃ လုံးစစ်ဆင်ရေးအဖြစ် စစ်ကောင်စီနဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဓားမဆိုင်းအဖွဲ့ကတပ်ဖွဲ့ဝင်တွေနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ပြည်သူတွေက ကြိုဆိုခဲ့ကြတာပါ။
တိုက်ပွဲတွင်း ဒဏ်ရာရ တပ်ဖွဲ့ဝင် ၃ ဦး၊ အရေပြားရောဂါကြောင့် ဆေးခွင့်ပြန်လာသူ ၂ ဦး၊ ရှေ့တန်းတပ် အချိန်းအပြောင်း ၆ ဦးနဲ့ ဗျူဟာမှူးအပါအဝင် ၁၂ ဦး ရှေ့တန်းက ပြန်လာခဲ့ကြတာကို ပြည်သူတွေက ကြိုဆိုခဲ့ကြတာလို့ ဗျူဟာ ၄၂ ဗျူဟာမှူးဗိုလ်စွမ်း ဓားမဆိုင်းကပြောပါတယ်။
ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ တပ်ရင်း ၂၈ က တပ်ဖွဲ့ဝင်တွေကို "က ၃ လုံး" စစ်ဆင်းရေးနဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲတွေအတွက် သြဂုတ်လဆန်းပိုင်းကစလို ရှေ့တန်းစစ်မြေပြင်တွေဆီမှာ တာဝန်ထမ်းဆောင်ဖို့ တပ်ဖွဲ့က တာဝန်ပေးစေလွှတ်ခဲ့ကြတာဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ယင်းမာပင် #ပင်လည်ဘူး#စစ်ဆင်းရေးပြန် #ဗျူဟာမှူး #တပ်ဖွဲ့ဝင်၁၂ဦး #ကြိုဆို
Share Share Share