သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဘုတလင်မြို့နယ်၊ မီးဘေးသင့်စစ်ရှာင်ရွာ ၉ ရွာက ပြည်သူ ၅၀၀ ခန့်ကို သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့က ဒီဇင်ဘာ ၆ ရက်က စောင်တွေသွားရောက်လှူဒါန်းခဲ့တယ်လို့ အဲဒီအဖွဲ့ဆီကသိရပါတယ်။
ဘုတလင်မြို့နယ်၊ စီပါရွာအပါအဝင် ကျေးရွာပေါင်း ၉ ရွာကို အခုနှစ်နိုဝင်ဘာ ၁၇ မှာ စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၄၉၂ ဦးကို စောင်နဲ့အနွေးထည်တွေ လှူဒါန်းခဲ့တာလို့ သံဃမေတ္တာ မြေပြင်တာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်ကလေးငယ်တွေ ပညာသင်နိုင်ဖို့အတွက် စာသင်ကျောင်းဖွင့်လှစ်ဖို့ကိုလည်း ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်းဆိုပါတယ်။
သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ၂၁ မြို့နယ်ကျော်ရှိ စစ်ရှောင်တွေကို စာနပ်ရိက္ခာတွေလှူဒါန်းတာတွေကို လုပ်ဆောင်ပေးနေတဲ့အပြင် အခု စောင်လှူဒါန်းတာကလည်းပထမဆုံးဖြစ်ပြီး "အညာဆောင်းအေး၊ စောင်ကူပေး" အစီအစဉ်နဲ့ အလှူရှင်တွေဆီကတဆင့် ပြန်လည်လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ဘုတလင် #စစ်ရှောင် #စောင် #လှူဒါန်း
Share Share Share