သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျောက်ဆည်ခရိုင်တပ်ရင်း ၃ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ဆင်တွေအသုံးပြုပြီး စစ်ကြောင်းနဲ့စစ်ချီလာတဲ့ ရုပ်သံကို ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါရုပ်သံမှာ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ ဟာ ပြည်တော်ဝင်စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ အတွက် ဆင်တပ်တွေနဲ့စစ်ချီလာတာလို့ ဖော်ပြထားပါတယ်။
စစ်ချီတက်ရာမှာ အသုံးပြုတဲ့ဆင်တွေဟာ ဒေသခံပြည်သူတွေက သူတို့ပိုင်ဆိုင်တဲ့ဆင်တွေနဲ့ အခမဲ့ အကူအညီပေးထားတာဖြစ်ပြီး လမ်းခရီးသွားလာရေးမှာ အထောက်အကူဖြစ်စေတယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ ရဲ့တပ်ရင်းမှူး ဒေါက်တာလုံးလုံး (Dr Lone Lone)က ပြောပါတယ်။
အဲ့ဒီဆင်တွေကို လမ်းခရီးသွားလာရေးအတွက်သာ အသုံးပြုပြီး တိုက်ပွဲတွေအတွင်းမှာ အသုံးပြုမှာမဟုတ်ဘူးလို့လည်း တပ်ရင်းမှူး ဒေါက်တာလုံးလုံးက ပြောပါတယ်။
လက်ရှိမှာ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ အနေနဲ့ မန္တလေးမြို့သိမ်းတိုက်ပွဲအတွက် အရေးကြီးတဲ့ ပြည်တော်ဝင်စစ်ဆင်ရေးကနေ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။
ကျောက်ဆည်ခရိုင်တပ်ရင်း ၃ ဟာ ၂၀၂၁ သြဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရှမ်းမြောက်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၅၁၅ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ကာ ၂၀၂၃ အောက်တိုဘာလမှာ ၅၁၅ တပ်ရင်းရဲ့ ကျောက်ဆည်စစ်ကြောင်းအဖြစ် ဖွဲ့စည်းပြီး စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ အောက်တိုဘာ ၁ ရက်မှာတော့ ကျောက်ဆည်စစ်ကြောင်းကနေ ကျောက်ဆည်ခရိုင် တပ်ရင်း ၃ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာလို့ တပ်ရင်းမှူးဒေါက်တာလုံးလုံးက ဆက်ပြောပါတယ်။
ကျောက်ဆည်ခရိုင်တပ်ရင်း ၃ အနေနဲ့ ၂၀၂၄ ကနေ ၂၀၂၅ ဇန်နဝါရီလအထိ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကျောက်ဆည်ခရိုင်အတွင်းသာမက မန္တလေးတောင်ပိုင်းဒေသတွေမှာပါ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ကျောက်ဆည် #ဆင် #ကျောက်ဆည်ခရိုင်တပ်ရင်း၃ #စစ်ချီတက် #ပြည်တော်ဝင်စစ်ဆင်ရေး
Share Share Share