သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အမ်းမြို့ဘက်ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဇန်နဝါရီ ၁၃ - ၁၄ ရက်မှာ ၂ ရက်တာတိုက်ပွဲဖြစ်ပွားပြီး စစ်သားတွေနဲ့လက်နက်ခဲယမ်းတွေ ဖမ်းဆီးရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် အရှို (CDF - Asho) ဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့စစ်သားတွေကို ပိတ်ဆို့တားဆီးခဲ့ရာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်သား ၁၂ ဦး အရှင်ဖမ်းဆီးရမိကာ သေနတ် ၁၅ လက်၊ စိန်ပြောင်း ၁ လက်၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၃ ရက်က အမ်း-ပဒါန်းလမ်းမပေါ်ရှိ ကြက်ရေစမ်းရွာစခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးကို ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးရွာအနီးမှာ တားဆီးပိတ်ဆို့ထားချိန် လက်နက်မချတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
"လက်နက်မချလို့ ပစ်ခတ်ခဲ့ရတယ်။ ခုခံတဲ့စစ်သား ၂ ဦးဒဏ်ရာရလို့ ဆေးကုသပေးရင်း သေသွားတယ်။" လို့ CDF-Asho တပ်ဖွဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၄ ရက်ကလည်း အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး ကပစ ၁၄ နဲ့မီတာ ၂,၀၀၀ ခန့်အကွာမှာ လက်နက်မချတာကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်မှ ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သားတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်စစ်သား ၈ ဦး ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ အရှင်ဖမ်းဆီးမိတဲ့ စစ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၆ ရက်ဒီကနေ့အထိ နယ်မြေရှင်းလင်းရေးလုပ်ကာ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မကွေး #ငဖဲ #စစ်ကောင်စီတပ်ဖွဲ့ #ပိတ်ဆို့ #ဖမ်းဆီး
Share Share Share