သာယာဝတီခရိုင်က ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၁ ဦး ပစ်သတ်ခံရ
"(PDF တွေကို) မြို့အနောက်ခြမ်းကိုလာဖို့ သူကစိန်ခေါ်ထားတာပါ။ ဦးခေါင်းကို သေနတ် ၁ ချက်ပစ်ပြီး ရှင်းလိုက်တယ်"
"(PDF တွေကို) မြို့အနောက်ခြမ်းကိုလာဖို့ သူကစိန်ခေါ်ထားတာပါ။ ဦးခေါင်းကို သေနတ် ၁ ချက်ပစ်ပြီး ရှင်းလိုက်တယ်"
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်နဲ့ ပဲခူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
"ကျနော်တို့က ကားနဲ့သွားပြီးဝင်ပစ်ခဲ့တာပါ။ နေရာမှာပဲ စစ်သား ၃ ယောက်သေတယ်။ လက်နက်တွေလည်း ရခဲ့တယ်"
ဘုတလင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့၊ လူသတ်တာတွေကြောင့် စစ်ရှောင်နေရတဲ့ ဘုတလင်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို ဆန်နဲ့ ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ကလေးဒေသက စစ်ရှောင်ပြည်သူတွေအနေနဲ့ ကျန်ရာသီတွေမှာ နှမ်းခါ၊ နှမ်းခုတ်၊ ပေါင်းထိုး၊ မြက်နုတ်တာတွေ လုပ်ကိုင်ရလို့ ပုံမှန်ဝင်ငွေရှိပြီး ဆောင်းရာသီကာလမှာ အဲ့ဒီအလုပ်တွေလုပ်ဖို့မရှိတဲ့အတွက် ပုံမှန်ဝင်ငွေမရှိကြတာကြောင့် အနွေးထည်နဲ့ စောင်၀ယ်ယူဖို့ခက်ခဲနေတာလို့ Lighthouse Group စစ်ရှောင်ကူညီထောက်ပံ့ရေးတာဝန်ခံ ကိုသူရိန် က ပြောပါတယ်။
၂၀၂၄ ခုနှစ် အစပိုင်းမှာတော့ တော်လှန်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးနိုင်မှုနဲ့ ရိက္ခာဖြတ်တောက်ထားနိုင်မှုတွေကြောင့် ပျူရွာတွေထဲမှာ စားနပ်ရိက္ခာရှားပါးလာမှုနဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ရွာအတွင်းက ပျူမိသားစုဝင်အချို့နဲ့ပြည်သူ ၄၀၀ ကျော်ဟာ ပုလဲပအဖဆီကို ထွက်ပြေးလာကြတယ်လို့ ပုလဲပအဖရဲ့လူသားစာနာတာ၀န်ခံက ပြောပါတယ်။
" ကန်ဇွန်းရွက်ခူးပြီး ချက်စားတယ်။ ဂေါ်ရခါးသီးကြော်၊ ဗူးသီးတို့၊ ခရမ်းသီးတို့ချက်စားကြတယ်။ အသားငါးဟင်းက အလှူရှင်ရှိရင်စားရတယ်"
အောက်တိုဘာ ၁ ရက်မှ၂၁ ရက်အထိ စစ်ရှောင်ပြည်သူဦးရေ ၄၀၀ ကျော်ကို အခမဲ့ဆေးကုသပေးခဲ့ပြီး သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေကို ဆေးကုသပေးရတာ ပိုမိုများပြားတယ်လို့ ဆေးကုသရာမှာပါဝင်တဲ့ CDM သူနာပြုဆရာမတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၂ ဦးလုံးသေပြီး လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။
မန္တလေးတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF မန္တလေးခရိုင် တပ်ရင်း ၅ တပ်ဖွဲ့ဝင်တွေနဲ့ ဂန့်ဂေါခရိုင်ဗျူဟာက PDF တပ်ဖွဲ့ဝင်တွေအတွက် လက်နက်၊ ခဲယမ်းနဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေထံက သိရပါတယ်။
" ရှေ့တန်းမှာ ရဲဘော်တွေ ရဲဝံ့စွာတိုက်ပွဲဝင်နိုင်ဖို့နဲ့ စိတ်ဓာတ်မြင့်မားစေဖို့ ရည်ရွယ်တပ်ဆင်ပေးတာပါ"
အခုနှစ် မီးကြာလှည့်ပွဲနဲ့ သနပ်ခါးပါးတို့ပွဲကိုတော့ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်းက ကြံခတ်ရွာမှာ ဗုဒ္ဓမြတ်စွာဘုရားကိုရည်စူးပြီး ဆီမီးထွန်းပူဇော်ပွဲနဲ့အတူ သီတင်းကျွတ်လဆန်း ၁၃ ရက်ကနေ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်အထိ ပြုလုပ်ခဲ့တာပါ။
မကွေးတိုင်း၊ မင်းဘူးနဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ အခြေခံစစ်သင်တန်းဆင်းပွဲတွေ အခုရက်ပိုင်းအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းပေါ်ကို ၄ ကြိမ်မြောက် ဧရာဝတီမြစ်ရေ တက်လာတဲ့အတွက် အဲ့ဒီကျွန်းပေါ်မှာ နေထိုင်နေကြတဲ့စစ်ရှောင်တွေ အခက်အခဲဖြစ်နေကြပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ သဖန်းဇင်ကျေးရွာအတွင်းကို အောက်တိုဘာ ၁၃ ရက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ၁ ဦးဆီက သိရပါတယ်။