သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖလမ်းမြို့တိုက်ပွဲကို အင်အားဖြည့်တင်းဖို့လာရင်း လူစုကွဲထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ကလေးမြို့ တပ်ရင်း ၈၉ က တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦးနဲ့ စစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံရသူ ၁ ဦး စုစုပေါင်း ၄ ဦးဖြစ်ပြီး ကလေးမြို့နယ် ပကဖအဖွဲ့နဲ့ ကလေးခရိုင် တပ်ရင်း ၁၆ တို့ပူးပေါင်းဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
"ရဟတ်ယာဥ်နဲ့လာချတော့ တောင်ကုန်းပေါ်ကို ကန်ချခံရတယ်။ အဲဒီမှာ သေတဲ့သူတွေရှိခဲ့တယ်။ မိခင်တပ်ရင်းကို ထွက်ပြေးတုန်း ဖမ်းဆီးမိတာပါ။" လို့ ကလေးပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ယခုဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၈ ရက်က ကလေးမြို့ကနေ Mi 17 ရဟတ်ယာဉ်နဲ့ ဖလမ်းမြို့အနီးရှိ တောင်ကုန်းတခုပေါ်မှာ ချထားခံရသူတွေဖြစ်ကာ ဖုန်းလိုင်းမိတဲ့တောင်ပေါ်တနေရာကနေ မိခင်တပ်ရင်းဆီဆက်သွယ်ပြီး ပူးပေါင်းဖို့ ပြန်လာခဲ့သူတွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ကလေးမြို့နဲ့ ဖလမ်းမြို့ဟာ ၇၃မိုင်ကွာဝေးပြီး စစ်ကောင်စီဟာ တပ်ဖွဲ့ဝင်တွေကို ရဟတ်ယာဉ်ပေါ်ကနေ တနေရာတည်းမှာမဟုတ်ဘဲ နေရာအစုံမှာချထားခဲ့တာကြောင့် အဖွဲ့ကွဲသွားတဲ့စစ်သားတွေဟာ စုဖွဲ့မှုပျက်ပြီးထွက်ပြေးချိန် ဒီဇင်ဘာ ၂၂ ရက်က တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကိုခံရပြီး ၄ ဦး ဖမ်းဆီးခံရကာ ထွက်ပြေးနေသူတွေလည်းရှိသေးတယ်လို့ သိရပါတယ်။
ဖမ်းဆီးရရှိသူတွေထဲမှာ ခြေထောက်ဒဏ်ရာရရှိထားသူကို ကောင်းမွန်စွာဆေးကုသပေးကာ ကျွေးမွေးထိန်းသိမ်းထားပြီး NUG လက်အောက်ခံ သက်ဆိုင်ရာ အထက်ဌာနတွေကို အဆင့်ဆင့်တင်ပြကာ ညွှန်ကြားလာတဲ့အတိုင်း လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
ပုံစာ - ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများ။
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #ဖလမ်း #စစ်သား #ဖမ်းဆီး
Share Share Share