စောကျော်ငြိမ်း

ထီးလင်းနယ်က စစ်ရှောင်တွေ အဝတ်အထည်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးတွေ လိုအပ်နေ (ရုပ်/သံ)

စစ်တပ်က လက်နက်ကြီးပစ်တဲ့ဒဏ်၊ စစ်ကြောင်းတွေ မကြာခဏ ထိုးတဲ့ဒဏ်တွေကို ခံကြရတဲ့ အနောက်ဘက်ရွာ၊ သရခါရွာ၊ ထလင်းရွာ၊ အောင်းရွာ၊ ပုဏ္ဏားရွာ၊ ထန်းပင်ကုန်းရွာ၊ တောရောင်းရွာစတဲ့ ကျေးရွာ ၁၀ ရွာက စစ်ရှောင်ပြည်သူ ၇၀၀ ကျော်မှာ ၁ နှစ်ကျော်ကြာ စစ်ရှောင်လာရတဲ့အခါ စားသောက်ရေးအတွက် အခက်အခဲ ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီထောက်ပံ့ပေးသူတွေက ဆိုပါတယ်။

မင်းလှမှာ PDF တွေ လုံခြုံရေးစစ်ဆေးနေချိန် ပျူစောထီး ၁ ဦးရှင်းလင်းခံရ

“ကျနော်တို့ စစ်ဆေးနေတဲ့ ဂိတ်နားကို ရှိုင်းလင်းအောင်က ဆိုင်ကယ်နဲ့ရောက်လာတာကို သူမှန်းသိလို့ လိုက်ဖမ်းပြီး ရင်ဘတ်ကို ဓါးနဲ့ သုံးချက်ထိုးလိုက်တာ”

ဒီပဲယင်းမှာ စစ်တပ်ရန်ကြောက်လို့ တောင်သူတွေ စပါးကိုရသမျှစျေးနဲ့ ရောင်းချနေရ

"ဒီအချိန်က ကျနော်တို့လက်ထဲ ဘာမှထားလို့ မရပါဘူး။ စစ်တပ်က ရိက္ခာအတွက် စပါးကိုယူတယ်။ ဖျက်ဆီးပစ်တာ မီးရှို့တာတွေ လုပ်တယ်။ ရွှေ၊ ငွေလည်း လုယက်တာခံရတယ်"

ညောင်ခြေထောက်ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူးအပါ ၃ ဦး ပြင်းထန်ဒဏ်ရာရ

"ဒရုန်းနှစ်စီးနဲ့ဗုံး ၂ လုံး တချိန်တည်း ကြဲခဲ့တယ်။ အရာရှိ ၃ ယောက်ညတွင်းချင်း ဆေးရုံပို့လိုက်တယ်။ သေလားရှင်လားဆိုတာ သေချာမသိရသေးဘူး"

ကလေး၊ မြိုင်နဲ့ ပေါက်က အာဏာသိမ်း ၃ နှစ်ပြည့် လှုပ်ရှားမှုများ

"စစ်ကောင်စီအာဏာသိမ်းထားတာကို ပြည်သူလူထုတရပ်လုံးက မကျေနပ်ဘူး ဆိုတာကိုသိစေချင်လို့ ဆန္ဒဖော်ထုတ်ခဲ့တာ။ အဖြူရောင်သပိတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကောင်စီတပ်သားတွေဟာ အလံဖြူထောင်တယ်၊ အများကြီးဖြစ်လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေပေါ့နော်"

တော်လှန်ရေး ၃ နှစ်ပြည့် အဖြူရောင်ကမ်ပိန်း အင်အားအများအပြားနဲ့ချီတက် (photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ အသံတိတ်သပိတ်မစမီ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်ကမ်ပိန်း သပိတ်စစ်ကြောင်း ထွက်ခဲ့တယ်လို့ သပိတ်ကော်မတီဆီက သိရပါတယ်။

ရွာအပြင်မှာ ထောင်ထားတဲ့မိုင်းနင်းမိပြီး ပျူ ၁ ဦးသေ၊ ၁ ဦးလက်ပြတ်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင် ပျူစောထီးရွာအပြင်မှာ ထောင်ထားခဲ့တဲ့ နင်းမိုင်းကို ဇန်နဝါရီ ၃၀ ရက်က ပျူစောထီးတွေ ကင်းပတ်စဥ် နင်းမိခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားထံက သိရပါတယ်။

မုန်းစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် မှန်လေး (ရုပ်ပုံလွှာ)

နောက်ဆုံး သူ့အမေနဲ့ ဖုန်းပြောခဲ့တဲ့နေ့ကလည်း သူ့ညီလေးကို ပညာတက်အောင်သင်ဖို့နဲ့ သူ့အတွက် စိတ်မပူဖို့ တဖွဖွမှာနေခဲ့ပါတယ်။ “သူအမြဲပြောနေတာက တော်လှန်ရေးပြီးရင် မိသားစုတွေ ပြန်ဆုံကြမယ်တဲ့။ ဒါပေမဲ့ နေစရာ အိမ်မရှိတော့ (သူ)အရမ်းဝမ်းနည်းပြီး ငိုတယ်။”လို့ သူ့အမေကပြောပြပါတယ်။

စလင်းက ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို PDF တွေ ဖမ်းဆီး

"သူက အုပ်ချုပ်ရေးမှူးရော ပျူပါလုပ်တယ်။ ပြည်သူတွေကတိုင်ကြားလာလို့ စစ်ဆေးဖို့ သွားဖမ်းတာပါ”

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က တပ်သားသစ်ခေါ်နေ

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် Bamar Peoples Liberation Army-BPLA တပ်ဖွဲ့လည်းပါဝင်နေပြီး သင်တန်းသားအသစ်တွေခေါ်ယူ စုဆောင်းနေတယ်လို့ BPLA တပ်ဖွဲ့ဆီက သိရပါတယ်။

လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ စစ်သား၂ ဦးကို NUGက သိန်း ၁၂၀ ကျော်ချီးမြှင့်

တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ရဲဘော် ၂ ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ကျော်လင်းထိုက်နဲ့ အသက် ၂၂ နှစ်အရွယ် ကောင်းထက်အောင်တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ MA 4 သေနတ် ၁ လက်၊ MA 2 သေနတ် ၁ လက်၊ ကျည်ဆန်များ၊ ၄၀ မမ ကျည်ဆန် ၂၀ ကျော်တို့နဲ့အတူ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

ဆက်ကြေးကောက်နေတဲ့ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနဲ့ပျူ ၅ ဦးသေဆုံး အများအပြားဒဏ်ရာရ

" အနီးကပ်ဝင်ပစ်ခဲ့တယ်။ ဒီလူတွေထွက်ပြေးသွားတော့ လက်နက်တွေမရလိုက်ပါဘူး။ စစ် ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်။ ၅ ယောက်သေတယ်။ ကျနော်တို့ဘက်က ၄ ယောက်ဒဏ်ရာရတယ် "

ရေတာရှည်က စစ်စခန်းကို PDF တိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

"တပ်စွဲလာတော့ စစ်ဆိုင်နေတာ တပတ်ကျော်ပြီ။ အပိုင်ပစ်ခွင့်ရလို့ စနိုက်ပါနဲ့ ပစ်လိုက်တာပါ။ ၂ ဦး သေတယ်။ ၁ ဦးဒဏ်ရာရသွားတယ်"

အညာစစ်ရှောင်တွေရဲ့ အောဂဲနစ်စိုက်ခင်း (ရုပ်သံဆောင်းပါး)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှ စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် Special and Choice - S&C ပရဟိတအဖွဲ့က အောဂဲနစ်သီးနှံစိုက်ခင်းကို ၂၀၂၃ နိုဝင်ဘာအစောပိုင်းကာလမှာ စတင်စိုက်ပျိုးပြီး သီးနှံတွေကို မျှဝေစားသောက်နေကြပါတယ်။

ဘုတလင်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ကျောင်းဆောင် ၁ ခုလှူဒါန်း

"ကျွန်တော်တို့အနေနဲ့ အညာဒေသရဲ့ လိုအပ်ချက်တခုကို တတ်နိုင်သလောက် လှူဒါန်းပေးဖြစ်တာပါ။ အိုဟောင်းနေတဲ့ အဆောင်မှာ စာသင်နေရတယ်။ ကလေးတွေမှာ စာအုပ်၊ စာရေးကိရိယာတွေ လိုအပ်ချက်တွေ ရှိနေပါတယ် "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10