နေပြည်တော်မှ အမျိုးသမီးရဲဒုတပ်ကြပ် ၁ ဦး YSO PDF ထံ အလင်းဝင်

နေပြည်တော်မှ အမျိုးသမီးရဲဒုတပ်ကြပ် ၁ ဦး YSO PDF ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ Royal Eagle People Defence Force -YSO တပ်ဖွဲ့ဆီကို သြဂုတ် ၄ ရက်က အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တဦး အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာသူဟာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြို့မရဲစခန်းမှာ ၂၀၁၈ က စတင်တာဝန်ထမ်းဆောင် နေတဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဒုတပ်ကြပ် အေးအေးအောင် ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တော့လို့ အလင်းဝင်လာတာပါ။ လုံခြုံတဲ့နေရာကို ပို့ထားပါတယ်" လို့ Royal Eagle People Defence Force -YSO တပ်ဖွဲ့မှ တာဝန်ခံ ကိုဇော်ကြီး က ပြောပါတယ်။

အဲဒီရဲမေက G 3 ကျည် ၂၄ တောင့်၊ 9 mm ကျည် ၂၅ တောင့်၊ လက်တော့ပ် ၁ လုံးတို့နဲ့အတူ ချိတ်ဆက်ပေးသူရဲ့အကူအညီနဲ့ သြဂုတ် ၃ ရက်မှာ ရဲစခန်းမှထွက်ခွာလာပြီး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ရဲမေကို Royal Eagle တပ်ဖွဲ့က ဆုငွေ ၁ သိန်းကျပ်ချီးမြှင့်ခဲ့ပြီး ကာယကံရှင်ရဲ့ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ တာဝန်ခံ ကိုဇော်ကြီး က ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့အတွက် ဇူလိုင် ၂၉ ရက်က ရဲတပ်ကြပ်တဦးနဲ့ ယခု ရဲဒုတပ်ကြပ်တဦးအပါ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်လာတယ်လို့ သိရပါတယ်။

ပုံစာ - အလင်းဝင်လာသည့်ရဲမေကို ဆုငွေပေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ရေစကြိုမြို့ #RoyalEaglePeopleDefenceForce #အမျိုးသမီးရဲမေ #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10