၃ နှစ်ကြာ စစ်ရှောင်နေရသူတွေ ရိက္ခာခက်ခဲနေလို့ ဆန်တင်း ၉၀ ကျော် မျှဝေပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ စစ်ရှောင်ကာလအကြာဆုံးဖြစ်တဲ့ ရေရှင်ကျေးရွာ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၃၁ ရက်မှာ ရိက္ခာအတွက် ဆန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ Lighthouse စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

ရေရှင်ရွာမှာ ယခင်က အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ၂၀၂၁ စက်တင်ဘာလအတွင်း စစ်တပ်က အိမ်တွေကိုမီးရှို့ခဲ့တာကြောင့် နေအိမ်အားလုံး မီးလောင်ခဲ့ပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေ့ ကြုံတွေ့နေရတာပါ။

ပထမအကြိမ်အဖြစ် ဇွန် ၂၂ ရက် မှာ အိမ်ထောင်စု ၂၀၂ စုကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှာ အိမ်ထောင်စုပေါင်း ၁၉၁ စုကို ဒုတိယအကြိမ်အဖြစ် ဆန် ၈ ပြည်(တခွဲ)နှုန်းနဲ့ ဆန်တင်း ၉၅ တင်းကျော် မျှဝေပေးခဲ့တာလို့ Lighthouse အဖွဲ့တာဝန်ခံ ကိုသူရိန်က ပြောပါတယ်။

ကလေးနယ်မှာ ရေရှင်ကျေးရွာက ပြည်သူတွေဟာ စစ်ရှောင်ရတဲ့ကာလ အကြာဆုံးဖြစ်သလို ယခုလိုမိုးရာသီမှာလည်း အလုပ်အကိုင်မရှိကြဘဲ စားသောက်ဖို့အတွက် ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

အလားတူ ရေရှင်ရွာမှ စစ်ရှောင်တွေနေတဲ့ တောတိုက်တွေမှာ သောက်သုံးရေ အလွယ်တကူမရရှိဘဲ ရေရှားပါးနေသလို အ.ထ.ကကျောင်းမှာလည်း စာသင်ကြားနေတဲ့ စစ်ရှောင်ကလေးငယ်တွေအတွက် စာရေးကိရိယာတွေ လိုအပ်နေတယ်လို့ Lighthouse အဖွဲ့တာဝန်ခံ ကပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကလေးနယ်အတွင်းရှိ CDM ကျန်းမာရေး ဆရာဆရာမတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေကလည်း အခမဲ့ ကူညီစောင့်ရှောက်ပေးနေကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ရှောင် #မီးဘေးသင့်ပြည်သူ #ရိက္ခာမျှဝေ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10