သတင်းလာစုံစမ်းတဲ့ ရဲနဲ့ပျူစောထီးကို PDF က ဖမ်းဆီးရာ ရဲကို ခဲယမ်းတွေနဲ့အတူ အရှင်မိ

သတင်းလာစုံစမ်းတဲ့ ရဲနဲ့ပျူစောထီးကို PDF က ဖမ်းဆီးရာ ရဲကို ခဲယမ်းတွေနဲ့အတူ အရှင်မိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းလှုပ်ရှားနေတဲ့ Myingyan Black Tiger - MBT နယ်မြေအတွင်း သတင်းရယူဖို့ဝင်ရောက်လာတဲ့ စစ်ကောင်စီလက်အောက် ရဲတပ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦး ကို သြဂုတ် ၉ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။

ဖမ်းဆီးရမိသူမှာ ရဲတပ်သား ထွန်းလင်းသန့် ဆိုသူဖြစ်ပြီး ၎င်းနဲ့အတူ ပျူစောထီးတပ်ဖွဲ့ဝင်တဦးဟာ အရပ်ဝတ်၊ ဆိုင်ကယ်စီးကာ နယ်မြေအခြေအနေကို လာရောက်စုံစမ်းနေချိန် မြင်းခြံမြို့နယ်တနေရာမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

" ကျနော်တို့တပ်ဖွဲ့ရှိတဲ့ရွာကို လိုက်မေးနေတာပါ။ ကင်းထောက်အဖွဲ့က မသင်္ကာလို့ စစ်ဆေးတာကနေ ဖမ်းဆီးလိုက်နိုင်တယ်။ ပျူ ၁ ကောင်က ထွက်ပြေးသွားလို့ ပစ်ခတ်ရှင်းလိုက်ရတယ်။"လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ ရဲနဲ့ပျူစောထီးဟာ မြင်းခြံမြိုနယ်၊ ဆုံရွာအခြေပြု ပျူစောထီးစခန်းကဖြစ်ပြီး ဖမ်းဆီးနေစဥ် ဆုံရွာသားဖြစ်တဲ့ ပျူစောထီးက ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရကာ အရှင်မိရဲတပ်သားကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရဲတပ်သား ထွန်းလင်းသန့် ထံကနေ ၇.၆၂ မမ G 3 ကျည်ဆန် ၁၄၇ တောင့်၊ ဖုန်း ၁ လုံးနဲ့ဆိုင်ကယ် ၁ စီးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ပျူစောထီးတို့ကိုဖမ်းဆီးရာမှာ Myingyan Black Tiger -MBT မြင်းခြံ ခရိုင်တပ်ရင်း ၉ နဲ့အတူ Popa Guerilla Force -PGF တို့မှ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၀ ရက်ကစတင်ကာ မြင်းခြံခရိုင်အတွင်းက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်တိုက် ခိုက်နေပြီး နွားထိုးကြီးမြို့ပေါ် စစ်ကောင်စီတပ်စခန်းတွေကို  သိမ်းပိုက်ထားနိုင်ကာ စစ်တပ်ဘက်ကလည်း လေကြောင်းမှတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မြင်းခြံ #MBT #ရဲ #ပျူစောထီး #သုံ့ပန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10