SRAF တပ်ဖွဲ့ဝင်တွေ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF၊ စစ်ဒေသ ၂ နယ်မြေအတွင်းမှာ တိုက်ခိုက်လှုပ်ရှားနေတဲ့ Special Regional Attacks Forces-Monywa (SRAF) တပ်ဖွဲ့ဝင်တွေဟာ စိုက်ပျိုးမွေးမြူရေးတွေ လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

အခုလို စိုက်ပျိုးမွေးမြူရတဲ့ အကြောင်းရင်းက ပြည်သူတွေရဲ့ထောက်ပံ့လှူဒါန်းငွေတွေကို ဖြုန်းတီးမနေဘဲ စစ်အသုံးစရိတ်နဲ့ လက်နက်ခဲယမ်းဝယ်ယူရာမှာ အထောက်အကူဖြစ်နိုင်ဖို့အတွက် လုပ်ကိုင်ရတာလို့ BLDF စစ်ဒေသ ၂၊ ဒုစစ်ရေးတာဝန်ခံ ရဲဘော် နာရွဲ့ဆမ် ကပြောပါတယ်။

Special Regional Attacks Forces-Monywa တပ်ဖွဲ့ရဲ့ စခန်းဝန်းကျင်ရှိ ယာမြေ ၂ ဧကခန့်မှာ ကြက်သွန်၊ မှို၊ ကန်ဇွန်း၊ ချဥ်ပေါင်၊ ဘူးသီး၊ ပဲသီး၊ ခရမ်းသီး၊ ခရမ်းချဥ်၊ ရုံးပတီ၊ ပဲသီး စတာတွေကို စိုက်ပျိုးထားကြတာပါ။

ဒါ့အပြင် ဆိတ်၊ ကြက်၊ ဝက် ၊ ဘဲ တို့ကိုလည်း မွေးမြူထားပြီး အခြားတောတွင်းတရိစ္ဆာန်တွေဖြစ်တဲ့ ငှက်၊ ယုန်တွေကိုလည်း မွေးမြူထားပြီး ရဲဘော်ရဲမေတွေအနေဖြင့် အလှည့်ကျစောင့်ရှောက်ပေးနေကြတယ်လို့ ထိန်းသိမ်းရေး ရဲမေ အန်းနီ က ပြောပါတယ်။

တိရစ္ဆာန်တွေကို ထိန်းကျောင်းစောင့်ရှောက်ရာမှာ မိုးရာသီနဲ့ဆောင်းရာသီကာလအတွင်း သစ်ပင်ငယ်များ စိမ်းလန်းစိုပြေနေတဲ့အတွက် အစာပေါများပြီး ထိန်းကျောင်းရတာအခက်အခဲမရှိပေမယ့် နွေရာသီမှာတော့ ထိန်းကျောင်းရတာခက်ခဲတယ်လို့ သိရပါတယ်။

ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF၊ စစ်ဒေသ ၂ နယ်မြေအတွင်း တိုက်ခိုက်လှုပ်ရှားနေတဲ့ SRAF တပ်ဖွဲ့ကိုလည်း ပြည်သူများအနေဖြင့် လက်နက်ခဲယမ်းဖြည့်တင်းနိုင်ဖို့အတွက် ထောက်ပံ့ပေးကြဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #SRAF #စိုက်ပျိုးရေး #မွေးမြူရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10