ရှေ့တန်းမထွက်ချင်တဲ့ ပျူစောထီး ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

ရှေ့တန်းမထွက်ချင်တဲ့ ပျူစောထီး ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန်ဂေါခရိုင်၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPDF တပ်ဖွဲ့ ရှေ့တန်းစခန်းကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦးက သြဂုတ် ၇ ရက်မှာ အလင်းဝင်လာတယ်လို့ YPDF တပ်ဖွဲ့ဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်၊ ကုက္ကားရွာမှ အသက် ၂၄ နှစ်အရွယ် မောင်ဖေဝင်း အမည်ရှိ ပျူစောထီးဟာ G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၇.၆၂ ကျည် ၁၅၀ တောင့်တို့ကို ယူဆောင်ပြီး မနက် ၈ နာရီခန့်မှာ YPDF ရှေ့တန်းတပ်မှူးဖြစ်တဲ့ ဒုရင်းမှူး ရဲဘော်ဂျိုကာဆီ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။ 

"ကျနော်တို့ စခန်းနေရာကိုလာပြီး အလင်းဝင်တာပါ။ လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်နေပါတယ်။ လက်နက်ခဲယမ်းပါလာတော့ ဆုငွေပေးဖို့လည်း ရှိပါတယ်" လို့ YPDF တပ်ဖွဲ့ဥက္ကဌ ကိုယောလေး ကပြောပါတယ်။

အလင်းဝင်လာသူဟာ စစ်ကောင်စီရဲ့ ရှေ့တန်းကင်းစခန်းဖြစ်တဲ့ ကမ်းပါးနီစခန်းကိုမသွားချင်သလို မျှတမှုမရှိတဲ့ အုပ်ချုပ်ရေးနဲ့ စားသောက်ဖို့ မလုံလောက်တဲ့ အခြေအနေတွေကို မခံစားနိုင်တော့တာကြောင့် ထွက်ပြေးပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့သူကို ဖမ်းဆီးဖို့အတွက် အင်အား ၁၀ ဦးခန့်ပါ ပျူစောထီးတွေက သြဂုတ် ၇ ရက် မနက် ၁၀ နာရီခွဲခန့်မှာ YPDF တပ်ဖွဲ့ ရှေ့တန်းစခန်းအနီးကို ရောက်ရှိလာလို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပျူစောထီးတွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်း ကိုယောလေးက ပြောပါတယ်။ 

YPDF တပ်ဖွဲ့ဆီကို လက်နက်ယူပြီးအလင်း၀င်လာတဲ့ ပျူစောထီးဟာ ဒါပထဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါနယ်အတွင်း ကျန်ရှိနေတဲ့ ပျူစောထီတွေအနေနဲ့ ဆင်းရဲကျပ်တည်းစွာ အသက်ရှင်နေမယ့်အစား နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေဆီ အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ YPDF တပ်ဖွဲ့က အသိပေးပြောဆိုထားပါတယ်။

ပုံစာ - သြဂုတ် ၇ ရက်က အလင်းဝင်လာသည့် ပျူစောထီးမှ လက်နက်ခဲယမ်းများ အပ်နှံနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ပျူစောထီး #အလင်း၀င်  #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10