ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုကိုထောက်ပံ့ဖို့ PDF တွေ စပါးစိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက PDF ရဲဘော်ရဲမေတွေဟာ မိုးစပါးတွေကို စတင်စိုက်ပျိုးပြီးစီးခဲ့ပြီး အဲဒီက ထွက်ရှိတဲ့ စပါးတွေကိုတော့ တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ထောက်ပံ့မယ်လို့ သိရပါတယ်။

အဲဒီမိုးစပါး ဆင်းသုခစိုက်ပျိုးမှုကို ဇူလိုင် ၁ ရက်က စတင်ခဲ့ကာ သြဂုတ် ၇ ရက်မှာပဲ စိုက်ပျိုးပြီးစီးခဲ့ပြီး တပ်ဖွဲ့ရိက္ခာဖူလုံဖို့အတွက်လည်း ပါဝင်မယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း ဒုတပ်ရင်းမှူး စနေက ပြောပါတယ်။

၁၂ ဧကရှိတဲ့ စိုက်ပျိုးမြေနေရာမှာလည်း ရွာဘုံပိုင်မြေနေရာဖြစ်လို့ ရွာသူရွာသားတွေဆီ ခွင့်တောင်းခဲ့ရာကျေနပ်စွာနဲ့ လုပ်ကိုင်ခွင့်ပြုပေးခဲ့တဲ့အတွက် စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

စိုက်ပျိုး၊ ပြုစုရာမှာတော့ တပ်ရင်းက PDF ရဲဘော်ရဲမေတွေကို တာဝန်ခွဲဝေပေးထားသလို ပြည်သူတွေကလည်း အခါအားလျော်စွာ ကူညီလုပ်ကိုင်ပေးကြတယ်လို့ သိရပါတယ်။ အခုလိုစိုက်ပျိုးတာမှာ သွင်းအားစုစရိတ်အနေနဲ့ ကျပ်သိန်း ၂၀ ကျော် ကုန်ကျထားတယ်လို့ ကိုစနေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ကလည်း စပါး ၆ ဧက၊ မြေပဲ ၅ ဧကနဲ့ ထောပတ်ပဲ ၃ ဧက တို့ကို စိုက်ပျိုးခဲ့ရာ ရိက္ခာဖူလုံခဲ့သလို ယခု ၂၀၂၄ မှာ မိုးစပါး ၁၂ ဧကအပြင် နှမ်းသီးနှံ ၈ ဧကကိုလည်း စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #PDF #ရိက္ခာထောက်ပံ့ #စပါးစိုက်ပျိုး #ပြည်သူတွေကူညီ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10