ရတဖ ၁၉ က ရဲတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ရတဖ ၁၉ က ရဲတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်တဦးဟာ ဇူလိုင် ၂၉ ရက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ Royal Eagle People defence Force (YSO) တပ်ဖွဲ့ဆီက သိရပါတယ်။

အလင်းဝင်သူဟာ ရဲတပ်ဖွဲ့ အမှတ် ၁၉ (ရတဖ ၁၉) က အသက် ၃၆ နှစ်အရွယ် ရဲတပ်ကြပ် အောင်မြတ်သူဖြစ်ပြီး M 16 ၁ လက်၊ 5.56 ကျည်ဆန် ၂၀၀ တောင့်၊ ကျည်ဘောက် ၂ ဘောက်တို့ကို ယူဆောင်လာတာလို့ ဆိုပါတယ်။ 

"တပ်ဖွဲ့ကိုအလင်းဝင်လာတာ ပထမဆုံးအကြိမ်ပါ။ ရေစကြိုမှာတာဝန်ကျနေရင်း ဆက်သွယ်လာတာပါ။ သူ့လုပ်သက် ၁၆ နှစ်ရှိပြီ"လို့ Royal Eagle People Defence Force (YSO) တပ်ဖွဲ့တာဝန်ခံ ကိုဇော်ကြီးက ပြောပါတယ်။

သူဟာ ရဲတပ်ဖွဲ့ထဲကို ၂၀၀၈ ခုနှစ်ကစတင်ဝင်ရောက်ခဲ့ပြီး လက်ရှိစစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတဲ့အတွက် ချိတ်ဆက်မှုတွေလုပ်ပြီး ဇူလိုင် ၂၉ ရက်ညပိုင်းမှာ တာဝန်ကျရာစခန်းကနေ ထွက်လာခဲ့တာလို့ ဆိုပါတယ်။ 

ရဲတပ်ကြပ်အောင်မြတ်သူကို ဇူလိုင် ၃၀ ရက်မှာတော့ ဆုငွေကျပ် သိန်း ၃၀ ချီးမြှင့်ပြီး သူရဲ့သဘောဆန္ဒအတိုင်း လွတ်မြောက်နယ်မြေတခုကို ပို့ဆောင်ပေးခဲ့တယ်လို့ ကိုဇော်ကြီးက ပြောပါတယ်။ 

Royal Eagle People Defence Force အဖွဲ့ဆီကို စစ်ကောင်စီဘက်က အလင်းဝင်ရောက်လာတာဟာ ရဲတပ်ကြပ်အောင်မြတ်သူက ပထမဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရေစကြို #ရဲတပ်ကြပ် #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10