PDF ရဲဘော်တွေကို စိတ်ဓာတ်မြှင့်တင်ရေး ခြင်းခတ်ပြိုင်ပွဲပြုလုပ်

PDF ရဲဘော်တွေကို စိတ်ဓာတ်မြှင့်တင်ရေး ခြင်းခတ်ပြိုင်ပွဲပြုလုပ်

မကွေးတိုင်း၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက PDF ရဲဘော်တွေရဲ့ စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို သြဂုတ် ၁၂ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

ရဲဘော်တွေရဲ့ ကာယဉာဏနဲ့ စိတ်ဓာတ်ခွန်အားမြှင့်တင်တဲ့အနေနဲ့ ပိုက်ကျော်ခြင်းလုံး ခတ်ပြိုင်ပွဲကို အသင်း ၆ သင်းဖွဲ့ ပြီး အုပ်စုပတ်လည်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြတယ်လို့ ဆိုပါတယ်။

" ရဲဘော်တွေကို တိုက်ခိုက်ရေးပိုင်းသာမကဘဲ ဘက်စုံတော်စေချင်တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာရော စည်လုံးမှုပါရှိစေချင်လို့ လုပ်ပေးရတာပါ" လို့ ခရိုင်တပ် ရင်း ၂ တပ်ရေးဗိုလ် လူပျိုကြီး က ပြောပါတယ်။

ရဲဘော်တွေကိုလည်း အနိုင်၊ အရှုံးမတွက်ဘဲ ယှဥ်ပြိုင်ကြသလို အားကစား စိတ်ဓာတ်အပြည့်နဲ့ကစားပြီး စိတ်ပျော်ရွှင်စေဖို့လည်း လိုအပ်တဲ့အတွက် လုပ်ပေးရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အသင်းကို ပထမဆု ဆေးလိပ် ၁ စီး၊ လက်ဘက်ရည် ၁၀ ထုပ်၊ ဒုတိယဆု ဆေးလိပ် ၃၀ လိပ်၊ လက်ဘက်ရည် ၇ ထုပ်၊ တတိယဆု  ဆေးလိပ် ၂၀ လိပ်၊ လက်ဘက်ရည် ၅ ထုပ် တို့ကို ဆုအဖြစ်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၃ ရက် မနက်ပိုင်းမှာ ဗိုလ်လုပွဲအထိ ယှဥ်ပြိုင်ကစားခဲ့ပြီး ဆုရရှိတဲ့အသင်းက ရဲဘော်များကို တပ်ရင်းမှူး၊ တပ်ရေးဗိုလ်ကြီးနဲ့ I.O တို့က ဆုများချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းဘူးခရိုင် #PDF #ရဲဘော် #ပိုက်ကျော်ခြင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10