ကျောက်ပန်းတောင်းက အမျိုးသမီး ဒုရဲအုပ် ၁ ဦး CDF - KKG တပ်ဖွဲ့ထံ အလင်းဝင်လာ

ကျောက်ပန်းတောင်းက အမျိုးသမီး ဒုရဲအုပ် ၁ ဦး CDF - KKG တပ်ဖွဲ့ထံ အလင်းဝင်လာ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှ ရဲတပ်ဖွဲဝင် အမျိုးသမီးဒုရဲအုပ် ၁ ဦး သြဂုတ် ၂၃ ရက် ဒီနေ့မှာ CDF-KKG ထံ အလင်းဝင်လာတယ်လို့ Chinland Defense Force - Kalay Kabaw Gangaw တပ်ရင်းဆီက သိရပါတယ်။

ကျောက်ပန်းတောင်းမြို့၊ မြို့မရဲစခန်းမှ ရဲဝန်ထမ်းလုပ်သက် ၁၀ နှစ်ကျော်၊ အသက် ၃၄ နှစ်အရွယ်၊ ဒုရဲအုပ် အဆင့်ရှိ အမျိုးသမီးရဲမေ ၁ ဦးက သြဂုတ် ၁၈ ရက်က နားခွင့်ရတဲ့အချိန်မှာ ထွက်ပြေးလာပြီး အလင်းဝင် ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

"ကြားခံလူတွေ တဆင့်ပြီး တဆင့်ချိတ်ဆက်ပြီးတော့ ကျနော်တို့ဆီရောက်လာတာပါ။ လက်နက်ခဲယမ်းတော့ မပါခဲ့ပါဘူး။ ကျွေးမွေးစောင့်ရှောက်ပြီးမှ တနေရာကို ပို့ပေးခဲ့တာပါ" လို့ CDF-KKG သတင်းတာဝန်ခံက ပြောပါတယ်။

အခုလို အလင်းဝင်တဲ့ ဒုရဲအုပ်မှာ လက်နက်ခဲယမ်း မပါတဲ့အတွက် ဆုငွေပေးခဲ့တာမျိုး မရှိဘဲ၊ သွားလာနေထိုင် စားသောက်ရေးအတွက် ကူညီပေးခဲ့ပြီး သူရဲ့သဘောဆန္ဒအတိုင်း လွတ်မြောက်နယ်မြေတခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ခွဲကျော်ကာလအတွင်း CDF - KKG ထံအလင်း ဝင်လာသူများမှာ စစ်သား ၄ ဦး၊ ရဲ ၆ ဦး၊ ပျူစောထီး ၁ ဦး စုစုပေါင်း ၁၁ ဦးရှိပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပုံစာ - အလင်းလာသည့် ဒုရဲအုပ်ကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ညောင်ဦးခရိုင် #ကျောက်ပန်းတောင်း #အမျိုးသမီး #ဒုရဲအုပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10