ပေါက် မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့စခန်း မီးရှို့ဖျက်ဆီးခံရပြီး အကူအညီလိုအပ်
"ဘယ်တပ်ကလည်းတော့ မသိပါဘူး။ စကစဝင်လာတာ ကြိုသိလို့ ကျနော်တို့တပ်ဖွဲ့ဝင် တွေ ရှောင်နေတာ။ သူတို့ဝင်စီးပြီး အိမ်တွေကို မီးရှို့၊ ဆိုင်ကယ်၊ ခဲယမ်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ ယူသွားတယ်။ အိမ် ၁၂ လုံး မီးလောင်ခဲ့တယ်။ သူတို့မီးရှို့နေတဲ့အချိန် ကျနော်တို့ မိုင်းနှစ်ကြိမ် ဆွဲလိုက်နိုင်တယ်။ အထိခိုက်အကျအဆုံးကိုတော့ ဝင်ကြည့်လို့ မရတော့ မသိလိုက်ပါဘူး။ ကျနော်တို့အဖွဲ့သားတွေ ထိခိုက်တာမျိုး မရှိပါဘူး။ ဆုံးရှုံးတာဆိုရင် ခန့် မှန်းခြေ သိန်းငါးဆယ်ဖိုးလောက် ရှိမယ်"