စောကျော်ငြိမ်း

စစ်ရှောင်တွေအတွက် ရိက္ခာထောက်ပံ့နိုင်ဖို့ ကိုယ်တိုင်စိုက်ပျိုးနေတဲ့ ထောက်ပို့အဖွဲ့

"ကုန်စိမ်းသီးနှံ ကန်ဇွန်း၊ ချဥ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ကြက်သွန်နီ ကိုစိုက်ခင်းမှာ အဖွဲ့သားတွေ စိုက်ပျိုးနေကြပါတယ်။ ရေရှည်ရပ်တည်ထောက်ပံ့နိုင်ဖို့ ပြည်သူတွေက လှူဒါန်းပေးဖို့ ပြောလိုပါတယ်"

ပေါက် PDF စခန်းတခု စီးနင်းမီးရှို့ခံရ၊ အဘွား ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး ၅ ဦးဒဏ်ရာရ

"စစ်ကောင်စီဘက်က သတင်းပေးတဲ့သူနဲ့ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းကိုပတ်ပြီး ကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်။ ကျနော်တို့က ရွာတွေဘက် ရှောင်ပြေးကျတော့ ညောင်ဝန်းတောင်စုနဲ့ မြောက်စုရွာ၊ ရွာသာအေး၊ ဝက်မှီးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ကို ပစ်ပြီးဝင်စီးတာ။ ကျနော်တို့ PDF တွေက အထိအခိုက်မရှိပါဘူး။ လက်နက်ပစ္စည်းတွေတော့ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်”

မြိုင်နယ်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

"သူတို့က အင်အား ခုနှစ်ဆယ်ကျော်နဲ့ စစ်ကြောင်းထိုးလာကြတာ။ ကွမ်းတောရွာအရောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ဝင်လာချိန် ကျနော်တို့ကလည်း ဆင်ထားတဲ့ မိုင်းတွေကို ဆွဲတယ်။ နောက်လက်နက်ကြီးတွေနဲ့ ပြန်ပစ်ရင်း တိုက်ပွဲဖြစ်ခဲ့ကြတာပါ"

ပေါက်မြို့နယ်ထဲကရွာတွေ စစ်ကြောင်းထိုးခံရလို့ ဒေသခံ၂ဦးသေဆုံး

စစ်ကြောင်းထိုးရာ ကျေးရွာတလျှောက်မှာ ပေါက်မြိုနယ်အရှေ့ပိုင်း အုန်းတောတောင်စုနဲ့ မြောက်စုကို စစ်တပ်အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကိုမီးရှို့ဖျက်စီးခဲ့သလို လက်နက်ကြီးငယ်တွေနဲ့ပစ်လို့ ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လယ်ယာလုပ်သား ရှားပါးလာလို့ လုပ်သားခ တိုးမြှင့်ခေါ်ယူနေရ

"ဒီမှာက စိုက်တဲ့အချိန်ရယ် ရိတ်သိမ်းတဲ့အချိန်ရယ်ပဲ အလုပ်ရှိတာလေ။ လက်ထဲမှာလည်း ငွေကြေးက များများစားစားမှ မရှိကြတာ။ ကျောင်းသူ/သားနဲ့ ကျန်းမာရေးမကောင်းတဲ့သူရှိရင် အဲ့ဒီမိသားစုက ပိုပြီးရုန်းကန်ရတယ်"

ပေါက် မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့စခန်း မီးရှို့ဖျက်ဆီးခံရပြီး အကူအညီလိုအပ်

"ဘယ်တပ်ကလည်းတော့ မသိပါဘူး။ စကစဝင်လာတာ ကြိုသိလို့ ကျနော်တို့တပ်ဖွဲ့ဝင် တွေ ရှောင်နေတာ။ သူတို့ဝင်စီးပြီး အိမ်တွေကို မီးရှို့၊ ဆိုင်ကယ်၊ ခဲယမ်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ ယူသွားတယ်။ အိမ် ၁၂ လုံး မီးလောင်ခဲ့တယ်။ သူတို့မီးရှို့နေတဲ့အချိန် ကျနော်တို့ မိုင်းနှစ်ကြိမ် ဆွဲလိုက်နိုင်တယ်။ အထိခိုက်အကျအဆုံးကိုတော့ ဝင်ကြည့်လို့ မရတော့ မသိလိုက်ပါဘူး။ ကျနော်တို့အဖွဲ့သားတွေ ထိခိုက်တာမျိုး မရှိပါဘူး။ ဆုံးရှုံးတာဆိုရင် ခန့် မှန်းခြေ သိန်းငါးဆယ်ဖိုးလောက် ရှိမယ်"

ပြည်ခရိုင်အတွင်း မတ်ပဲခင်းများ အပင်ဝါ(မိုဇိတ်)အဖြစ်များပြီး အထွက်နှုန်းလျော့ကျ

"လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဖြစ်နေတာ၊ မှိုသတ်ဆေးဖြန်းတာလည်း မရဘူး။ အပင်တပင်စ နှစ်ပင်စကနေ ဖြစ်တယ်။ တရက်ပြီးတရက် ပိုများလာတယ်။ အဲ့အပင်တွေကိုနှုတ်ပစ်တာမျိုး မီးရှို့တာမျိုးတော့ လုပ်တယ်။ တခင်းလုံးကနေ နောက်ပဲခင်းတွေ ကူးတော့ တာပဲ။ တကျိုးမှ နှစ်တင်းသုံးတင်းလောက်ပဲ ရတယ်။ တဧက ဆယ်တင်းလောက်မှ မထွက် ရင် အထွက်နှုန်းကျတော့ တောင်သူက ရှုံးတာပဲ"

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (ACDF) တွေကို လက်နက်အပြည့်အစုံ တပ်ပေးနိုင်ဖို့ ကြိုးစားနေ

"သင်တန်းကာလက သုံးလကြာတယ်။ အခက်အခဲတွေ အများကြီးရှိတဲ့ကြားကနေ ကိုယ်ပိုင်ရပ်တည်ဖို့ အတော်ကြိုးစားခဲ့ရတယ်။ တပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်အပြည့်အစုံ တပ်ဆင်နိုင်အောင် ကြိုးစားနေပါတယ်။ ကျနော်တို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF)အနေနဲ့ အရှိုချင်းလူမျိုးတွေရှိတဲ့ နေရာတွေမှာ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်သွားမှာပါ"

စိုက်ပျိုးစရိတ် မြင့်တက်နေလို့ မတ်ပဲတောင်သူအများစု တွက်ခြေမကိုက်

"ဒီနှစ် ရာသီဥတု မဆိုးဘူး၊ မျိုးပဲစျေးကလည်း မျိုးအလိုက် စျေးကွာတယ်။ ဒီဘက်နယ်တွေက စာပါးစပ်၊ ပဲကန်ဇွန်း၊ ပဲချဥ်ပေါင်၊ မျိုးတွေ နီးစပ်ရာ ဝယ်ကြဲကျတယ်။ ပဲစျေးကတော့ ခြောက်သိန်းဝန်းကျင်လောက် ရှိတယ်။ ကိုယ်ရောင်းတဲ့ပဲကလည်း သန့်ရမှာပေါ့။ တဧကို ဆယ်လေးငါးတင်းမှ ပဲမထွက်ရင် တောင်သူ အရှုံးပေါ်တာပဲ။ ကုန်ကျစရိတ်တွေကလည်း အကျဘက်မှာ တခုမှမရှိသလောက်ပါပဲ။ ရှုံးလည်း ဒီလုပ်ငန်းပဲရှိတော့ ဒီအလုပ်ပဲ လုပ်နေရတာ"

CDM ကျန်းမာရေးဝန်ထမ်းများ သတ်ဖြတ်ခံနေရမှု NUG ပြင်းထန်စွာ ရှုံ့ချ

မွေးလူနာကုသပြီးအပြန် အုတ်ဖိုက CDM သူနာပြုဆရာမလေးအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပါအဝင် နိုင်ငံတဝှမ်း CDM ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ဖမ်းဆီးနေမှုတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီကို ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ - NUGရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10