ဂန့်ဂေါနယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ဂန့်ဂေါနယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နဲ့ ၁၉ မိုင်ဝေးတဲ့ ကန်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေ ဇွန်လ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါတပ်ဖွဲ့မှ တာဝန်ခံဗိုလ်ရဲကြီးက မြေလတ်အသံကို ပြောပါတယ်။

ကန်ရွာအရှေ့ဘက်မှာရှိတဲ့ မင်းကန်ကုန်းဘက်ကို စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်းဝင်လာရာက ၁၅ မိနစ်ကြာခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သူကဆိုပါတယ်။

"ရွာအရှေ့ဘက်ကုန်းပေါ်ကနေ အပိုင်စောင့်ပစ်တာ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိသေးဘူး။ ကျနော့်ရဲဘော်က စနိုက်ပါရိုင်ဖယ်နဲ့ပစ်လိုက်တာ စစ်သားနှစ်ယောက်သေတယ်" လို့ ဗိုလ်ရဲကြီးက ဆက်ပြောပါတယ်။ 

အဲဒီကန်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်သား ၂ ဦးသေဆုံးခဲ့ပြီး စစ်သားတွေ အရှေ့ရိုးမဘက်ကိုထွက်သွားလို့ ပြည်သူတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေက စစ်ကောင်စီတပ်ကို နောက်ကလိုက်ပြီး တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာမှာ ဂန့်ဂေါခရိုင်တပ်ရင်း အမှတ်-၁၊ အမှတ်- ၇၊ အမှတ်- ၁၁၊ အမှတ်-၁၂၊ အမှတ်-၁၄၊ အမှတ် -၁၉၊ ABSDF နဲ့ ဒေသခံပကဖအဖွဲ့ စုစုပေါင်း အင်အား ၃၀ ကျော်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဂန့်ဂေါ  #မကွေးတိုင်း #ကန်ရွာ #PDF #စနိုက်ပါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10