မုံရွာ-အမြင့်လမ်း ကျေးရွာမှာ နယ်မြေမအေးချမ်းတဲ့ကြားက လူထုဟောပြောပွဲ ပြုလုပ်

မုံရွာ-အမြင့်လမ်း ကျေးရွာမှာ နယ်မြေမအေးချမ်းတဲ့ကြားက လူထုဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းကိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာတရွာမှာ ပြည်သူလူထုနဲ့တွေ့ ဆုံပြီး၊ တော်လှန်ရေးနဲ့ ပတ်သက်လို့ သိသင့်တာတွေကို ဟောပြောခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းသပိတ် ဦးဆောင်ကော်မတီ(မုံရွာ) အဖွဲ့ထံက သိရပါတယ်။

မုံရွာ-အမြင့်လမ်းမှာ နယ်မြေမအေးချမ်းတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံ ရေးယူပြီး၊ ဇွန်လ ၁၃ ရက်နေ့မှာ လူထုကိုဟောပြောခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီဝင် ကိုကောက်ကောက် က မြေလတ်အသံကို ပြောပါတယ်။


"နယ်မြေမအေးချမ်းတော့ သပိတ်စစ်ကြောင်းတွေ မထွက်ဖြစ်လို့လုပ်တာပါ။ ပြည်သူတွေသိဖို့လိုတဲ့ လက်ရှိနိုင်ငံရေး၊ တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သဘောတရားတွေကို ပြောပြတာဖြစ်တယ်။ ပြည်သူတွေနားလည်ပါဝင်လာမှ တော်လှန်ရေးက ပိုအားကောင်းလာမှာပါ"
လို့ ကိုကောက်ကောက် ကပြောပါတယ်။

အခုလို ပြည်သူလူထုနဲ့တွေ့ဆုံဟောပြောတာကို မတ်လ ၁၃ ရက်က စတင်ပြုလုပ်ခဲ့ရာ ၇ ပွဲမြောက်ဖြစ်ပြီး၊ မုံရွာမြို့နယ် ပအဖ၊ ပကဖ၊ ပလဖ တပ်ဖွဲ့တွေက ကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။


စာတည်း - 007

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #အမြင့် #လူထု #သပိတ် #ဟောပြောပွဲ #ပအဖ #ပကဖ #ပလဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10